The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးမြို့နယ်၊ ကန်ကြီးပြားကျေးရွာ လျှပ်စစ်မီးရရှိ

၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ (၁၉)ရက်

               အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ ကန်ကြီးပြားကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၉) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

               အခမ်းအနားသို့ မ​ကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မကွေးတိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာ ဦးထောင်းဇိုခိုင်၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် တို့က အမှာစကားများ ပြောကြားကြပြီး၊ မကွေးတိုင်း ဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှု နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ မကွေးခရိုင် လျှပ်စစ် အင်ဂျင်နီယာ ဦးဘုန်းနိုင်၊ မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်နှင့် မြို့နယ် လျှပ်စစ်ရုံး ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ၎င်းနောက် ကန်ကြီးပြား ကျေးရွာမီးလင်းရေးကော်မတီဉက္ကဌ ဦးအေးလွင်က၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့မှုများကို တင်ပြခဲ့ပါသည်။

               ကန်ကြီးပြားကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၃၇၀၀)ပေကို ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက် ခဲ့ကာ၊ ကန်ကြီးပြားကျေးရွာ အတွက်(၁၁) ကေဗွီ ဓာတ်အားလိုင်း(၁.၁၄)မိုင်နှင့် (၁၁/၀.၄) ကေဗွီ (၂၀၀)ကေဗွီအေ ထရန် စဖော်မာ (၁)လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) အနေဖြင့် တာဝန်ယူတပ်ဆင် ပေးခဲ့ခြင်းဖြစ်သည်။ NEP စီမံကိန်းဖြင့် မကွေးမြို့နယ်၏ (၃၉) ရွာမြောက် မီးလင်းသည့် ကျေးရွာဖြစ်ပြီး ကန်ကြီးပြားကျေးရွာရှိ အိမ်ခြေ(၂၀၀)ကို လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။

Post under by : ဝန်ကြီးရုံး
19-Jan-2021