၂၀၂၁ ခုနှစ်၊ ဧပြီလ ( ၇ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E Mr. Zahairi Baharim နှင့် အဖွဲ့အား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မလေးရှားနိုင်ငံ Petronas Carigali Myanmar Limited. (PCML) မှ Operator အဖြစ် ဆောင်ရွက်နေသည့် ရဲတံခွန်ကမ်းလွန်စီမံကိန်းတွင် Acid Gas Removal Unit (AGRU) တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ Rooftop Solar စီမံကိန်းအတွက် Capacity Development ဆောင်ရွက်မှုအခြေအနေ၊ ကုမ္ပဏီတွင် မြန်မာဝန်ထမ်းများ ပိုမိုခန့်ထား နိုင်ရေးနှင့် လေ့ကျင့်သင်ကြားပေးရေး၊ ဝန်ထမ်းများအား မလေးရှားနိုင်ငံတက္ကသိုလ်များတွင် ဘွဲ့လွန် နှင့် သင်တန်းများ ပို့ချပေးရေး ကုမ္ပဏီ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေသည့် စွမ်းဆောင်ရည် မြှင့်တင်ရေး (Capacity Development) သင်တန်းများဆိုင်ရာ အစီအစဉ်များ၊ မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင် ၊ အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မလေးရှားနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များနှင့် Petronas Carigali Myanmar Limited. (PCML) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။