The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ မေလ ( ၂၉ ) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက်နေ့ တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၆၃/၄) အနီးရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၃၆၃/၄) အနီးရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေး စခန်း(မန္တလေး)သို့ ရောက်ရှိရာ စီမံကိန်းတာဝန်ရှိသူများက ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းမှ ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာ−တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် တစ်ခုဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးပြုသော စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ရေနံစိမ်း ပိုက်လိုင်းမှ ရေနံစိမ်းများ တရုတ်နိုင်ငံသို့ သယ်ယူတင်ပို့ ပေးနေသလို သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံနှင့် ပြည်တွင်းသုံးအတွက် သဘာဝဓာတ်ငွေ့ဖြန့်ဖြုးပေးလျက်ရှိပါကြောင်း၊ ပြည်တွင်း အသုံးပြုရာတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းအတွက် ပံ့ပိုးပေး နေပါကြောင်း၊ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ပုံမှန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပိုက်လိုင်းများ၏  Capacity ပြည့်ဝစွာ ပို့လွှတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးနေမှုအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပုံမှန်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပိုက်လိုင်းများကြံ့ခိုင် ကောင်းမွန်စေရေး သတ်မှတ် Standard Operation Procedure (SOP)နှင့်အညီ  စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပိုက်လိုင်းတစ်လျှောက် ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များအား လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ထို့အပြင် လုပ်ငန်းခွင်၌ မြန်မာဝန်ထမ်းများ ပိုမိုခန့်ထားရေး အလေးထားဆောင်ရွက်ပေးစေလို ပါကြောင်း၊ ပိုက်လိုင်း ပတ်ဝန်းကျင်နေ ဒေသခံပြည်သူလူထုအား ပိုက်လိုင်းနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များအား ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဟောပြောရန်နှင့် သတိပေးချက်များ အား ထင်သာမြင်သာရှိသော နေရာများတွင် ချိတ်ဆွဲပြသထားရန်လိုအပ်ကြောင်း၊ ပိုက်လိုင်း တစ်လျှောက်ရှိ လုံခြုံရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ လုံခြုံရေးသတိ၊ လုံခြုံရေးအသိ ရှိရန်နှင့် မီးဘေး အန္တရာယ်ကင်းဝေးစေရေး အထူးဂရုပြုဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး  ရေနံနှင့် သဘာဝဓာတ်ငွေ့ ထိန်းချုပ်ပို့လွှတ်နေသော Control Centre အတွင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
29-May-2021