The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့ အသိပေးပန်ကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြည်သူသို့ အသိပေးပန်ကြားခြင်း

၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ကျော်    ၁၀   ရက်

(၂၀၂၁ ခုနှစ်၊ ဇွန်လ    ၄    ရက်)

၁။           ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူ များနှင့် စက်မှုဇုန်များတွင် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ပိုမို ဖြန့်ဖြူးပေးနိုင်ရန် အတွက် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းအချို့ကို ပြောင်းလဲချိတ်ဆက်ခြင်းအား မြောင်းတကာ ဓာတ်အားခွဲရုံတွင် ပြုလုပ်ရန် လိုအပ်လျက် ရှိပါသည်။

၂။            ထိုသို့ ပြုပြင်ခြင်းများဆောင်ရွက်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် (၅-၆-၂၀၂၁) ရက်နေ့ (၀၀:၀၀) နာရီမှ (၀၆:၀၀) နာရီအထိ မြောင်းတကာခွဲရုံတွင် ဓာတ်အားပိတ် ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ဒုတိယအဆင့်အနေဖြင့် (၁၂-၆-၂၀၂၁) ရက်နေ့တွင် ၂၃၀ ကေဗွီ မြောင်းတကာ-ကမာနတ် ဓာတ်အားလိုင်းကို (၀၆:၀၀) နာရီမှ (၁၇:၀၀)နာရီအထိလည်းကောင်း၊ ၂၃၀ ကေဗွီ ရွှေတောင်-လှော်ကား ဓာတ်အားလိုင်းနှင့် ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းကို (၁၂-၆-၂၀၂၁) ရက်နေ့ (၀၆:၀၀)နာရီမှ (၁၃-၆-၂၀၂၁) ရက်နေ့ (၁၈:၀၀)နာရီအထိ အသီးသီး ဓာတ်အားပိတ် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။           သို့ဖြစ်ပါ၍ ဓာတ်အားပိတ်လုပ်ငန်းများ ဆောင်ရွက်နေစဉ်  ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာ၊ ရွှေလင်ပန်း၊ မှော်ဘီ၊ ဆိတ်ကြီးခနောင်တိုနှင့် ကွမ်းခြံကုန်းမြို့နယ်များတွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်၊ ရေကြည်၊ ကျိုက်လတ်၊ ဖျာပုံနှင့် မအူပင်မြို့နယ်များတွင် လည်းကောင်း ခေတ္တဓာတ်အားပြတ်တောက်မည်ဖြစ်ပါ၍ ၎င်းဧရိယာများအတွင်း အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ပါကြောင်း မေတ္တာရပ်ခံ အသိပေးပန်ကြားအပ်ပါသည်။

 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
04-Jun-2021