The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

(၃၉)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများအကြား အနာဂတ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများဆွေးနွေး

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်

               (၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (39th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျဥက္ကဌ အဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူးကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံ စွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီး (Senior Official on Energy (SOE) Leader) ဖြစ်သူ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့်အတူ စွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲ အလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

               အစည်းအဝေးတွင် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သန့်စင်သော စွမ်းအင်သုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေး၊ စွမ်းအင်ခြိုးခြံခြွေတာသုံးစွဲရေး၊ စွမ်းအင်ဖူလုံမှုရှိ ရေး၊ ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်သုံးစွဲရေး၊ စွမ်းအင်သုံးစွဲမှုဆိုင်ရာစံစနစ်များ လိုက်လျောညီထွေ ဖြစ်စေရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ အာဆီယံစွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation-APAEC Phase II (2021-2025)) အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စရပ် များ၊ အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍခွဲများဖြစ်သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင်သောကျောက်မီးသွေးသုံးစွဲရေးနည်းပညာဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံ လျှပ်စစ်စွမ်းအားဆိုင်ရာကဏ္ဍခွဲ၊ စွမ်းအင်အကျိုးရှိထိရောက်စွာအသုံးပြုရေးနှင့် စွမ်းအင်ခြိုးခြံချွေ တာရေးကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ ဒေသတွင်းစွမ်းအင်မူဝါဒနှင့်စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍခွဲ၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံစွမ်းအင်မူဝါဒချမှတ်သူများအဖွဲ့ အစည်းကွန်ယက်နှင့် အာဆီယံစွမ်းအင်ဗဟိုဌာနအဆင့်မြှင့်တင်ရေးကဏ္ဍများနှင့်ပတ်သက်၍ ရှေ့ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကိုအပြန်အလှန်ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ပါသည်။

          အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ၏ဆွေးနွေးဘက်နိုင်ငံများဖြစ်သော ဩစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီး ယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင်အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး အာဆီယံ + ၃ နိုင်ငံနှင့် အာဆီယံနှင့် အရှေ့အာရှနိုင်ငံများ အကြားစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ပြီးခဲ့သည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုကြမည်ဖြစ်ပြီး အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇွန်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

Post under by : ဝန်ကြီးရုံး
14-Jun-2021