The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021) သို့ တက်ရောက်ရန် ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် ရုရှားနိုင်ငံရှိ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ကုမ္ပဏီနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ( ၁၃ ) ရက်

               ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021) သို့ တက်ရောက်ရန်ရောက်ရှိနေသည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည်  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရုရှားနိုင်ငံရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာကုမ္ပဏီနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက်(၁၀:၃၀)နာရီ အချိန်၌ TMK ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုမ္ပဏီက တည်ဆောက်ပြီးစီးခဲ့သော ကုန်းတွင်းရေနံပိုက်လိုင်း တည်ဆောက်မှုနည်းပညာများနှင့် လုပ်ငန်းအတွေ့အကြုံများ၏ ရှင်းလင်းတင်ပြမှုများကို ကြည့်ရှုခဲ့ပြီး သိရှိလိုသည့် အချက်အလက်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပါသည်။

               ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် (၁၁:၃၀)နာရီအချိန် တွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mr. Sergey Kulagin ဦးဆောင်သောအဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ “INSET” အမှတ်တံဆိပ် အသေးစားနှင့်အလတ်စား ရေအားလျှပ်စစ်တာဘိုင်စက်များ ၏ ထုတ်လုပ်တပ်ဆင်မှုဆိုင်ရာကိစ္စရပ်များ၊ စွမ်းဆောင်ရည်မြင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက် များ၏ စက်ပိုင်းဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် (၁၄:၁၅)နာရီအချိန်၌  PSB ဘဏ်မှ တာဝန်ရှိသူများ၊ STG-E Engineering မှ CEO တို့နှင့်အတူ ဘဏ်လုပ်ငန်းများ၏ ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ အခြေအနေ၊ လုပ်ထုံးလုပ်နည်းများ၊ အနာဂတ်အတွက် ရင်းနှီး မြုပ်နှံမှုများနှင့် ရေနံတူးဖော်ထုတ်လုပ်ရေး အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများအပေါ် အပြန် အလှန် ဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် (၁၆:၀၀) နာရီ အချိန်တွင် LLC (DOLSPECEXPORT) မှ တာဝန်ရှိသူနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများဆိုင်ရာ ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ် များအား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
13-Oct-2021