The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021)သို့ တက်ရောက်ရန်ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် ရုရှားအစိုးရပိုင် ZARUBEZHNEFT JSC မှ တာဝန်ရှိသူများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများအား

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ( ၁၆ )ရက်

               ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021)သို့ တက်ရောက်ရန်ရောက်ရှိနေသည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည်  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့  ဒေသစံတော်ချိန် နံနက်(၁၀:၀၀)နာရီ အချိန်၌ ရုရှားအစိုးရပိုင် ZARUBEZHNEFT JSC မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုန်းတွင်း/ကမ်းလွန်လုပ်ကွက်များကို ရှာဖွေတူးဖော်ထုတ်လုပ် နိုင်ရေး၊ အစိုးရအချင်းချင်း တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်နိုင်ရေး အစီအစဉ်များနှင့်ပတ်သက်၍ ချမှတ် ဆောင်ရွက်နိုင်ရန် Working Groups များဖြင့် ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးခဲ့ပါသည်။        

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် (၁၄:၀၀)နာရီအချိန်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သော Mr.Vasily Viktrovich Shpak နှင့် အဖွဲ့အား တွေ့ဆုံ၍ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များ၊ မိမိတို့နိုင်ငံရှိ အင်ဂျင်နီယာများအတွက် မွမ်းမံသင်တန်းပေးနိုင်ရေး ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာအသုံးပြုရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
16-Oct-2021