The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ခေါ်ယူသော ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် ဖြေဆိုရမည့်နေရာကြေညာခြင်း

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ခေါ်ယူသော ရာထူးနေရာများအတွက်

ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် ဖြေဆိုရမည့်နေရာကြေညာခြင်း

၁။     ရုံးအမှတ်(၆) ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ခေါ်ယူခဲ့သော ဒုတိယဦးစီးမှူး၊ စက်မှုစီမံရေး(၂)၊ စစ်ဆေးရေးမှူး(၂)၊  ဓာတ်ခွဲကျွမ်းကျင်(၂)၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ စက်မှုစီမံရေး(၄)/စစ်ဆေးရေးမှူး(၄)၊ ဒုတိယလက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး၊ ဓာတ်ခွဲကျွမ်းကျင်(၄)၊ အငယ်တန်းစာရေး ရာထူးနေရာများအတွက်  ၁၅-၁၀-၂၀၂၁ ရက်နေ့မှ ၄-၁၁-၂၀၂၁ ရက်နေ့အထိ ပေးပို့လျှောက်လွှာများအနက် လျှောက်ထားလာသည့် သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသည့်(၂၅၉)ဦးအား အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ၁၁-၁၁-၂၀၂၁ ရက်နေ့တွင်၊ နံနက် ၀၉:၀၀ နာရီ၌ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊  မွန်းလွဲ ၁:၀၀ နာရီတွင် အထွေထွေဗဟုသုတဘာသာရပ်ကိုလည်းကောင်း၊ နေပြည်တော်၊ ရုံးချုပ်နှင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများ၌  ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေးရွေးချယ် ခန့်အပ်သွားမည်ဖြစ်ပါသည်။

၂။   နေပြည်တော်ကောင်စီနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ လျှောက်လွှာပေးပို့လာသူများအနက် ဖြေဆိုခွင့်ကတ်ထုတ်ယူရမည့် နေပြည်တော်မှ လျှောက်ထားသူ(၈၈)ဦးသည် ရုံးအမှတ်(၆)  ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၌လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများမှ  လျှောက်ထားသူ(၁၇၁)ဦးသည်  သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးရှိ ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး များ၌လည်းကောင်း ဖြေဆိုခွင့်ကတ်များအား ၁၀-၁၁-၂၀၂၁ ရက်(ဗုဒ္ဓဟူးနေ့)ရုံးချိန်အတွင်း လိုအပ်သော  အထောက်အထားများနှင့်အတူ ကာယကံရှင်ကိုယ်တိုင်လာရောက် ထုတ်ယူရမည်ဖြစ်ပါသည်။

၃။          ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် ရေးဖြေစာမေးပွဲဖြေဆိုရမည့် နေရာများကို Website.WWW.moee.gov.mm၊ Facebook Page (@ MOEEmyanmar) ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ Facebook Page(@ info.pprd ) တို့တွင် ပူးတွဲပါအတိုင်း ကြေညာအပ်ပါသည်။ အသေးစိတ်သိရှိလိုပါက ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဖုန်းနံပါတ် ၀၆၇-၃၄၁၁၄၈၅/၃၄၁၁၂၈၅/၃၄၁၁၄၉၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများ၏ အမည်စာရင်းကို အထက်ပါ Website နှင့် Facebook Page  များတွင် ထုတ်ပြန်ကြေညာသွားပါမည်။

 

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

 

Download Link : PPRD-ExamPlace.pdf
Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
09-Nov-2021