The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခေါ်ယူသော ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် ဖြေဆိုရမည့် စာဖြေဌာနများကြေညာခြင်း

၁။       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊      မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဝန်ထမ်းသစ်ခေါ်ယူခဲ့သည့် ရာထူးနေရာများအတွက်  ၁၁.၁၁.၂၀၂၁ ရက်နေ့မှ  ၁၀.၁၂.၂၀၂၁ ရက်နေ့အထိ ပေးပို့လျှောက်လွှာများ အနက် လစာနှုန်း ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ တန်းနှင့် လစာနှုန်း ၁၈၀၀၀ဝိ -၂၀၀ဝိ-၁၉၀၀၀ဝိ တန်း ရာထူးများသို့ လျှောက်ထားလာသော သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် သူများအား အရည် အချင်းစစ်ရေးဖြေစာမေးပွဲကို ၂၆.၁၂.၂၀၂၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် အင်္ဂလိပ်စာဘာသာ ရပ်ကိုလည်းကောင်း၊  မွန်းလွဲ ၁:၀၀ နာရီတွင် အထွေထွေဗဟုသုတဘာသာရပ်ကိုလည်းကောင်း သတ်မှတ် ထားသည့် စာဖြေဌာန(၅)ခုတွင် ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေး ရွေးချယ်၍ ခန့်အပ်သွားမည်ဖြစ်ပါသည်။

၂။         နေပြည်တော်ကောင်စီနယ်မြေနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ လျှောက်လွှာပေးပို့လာသူများ အနက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိပြီး ဖြေဆိုခွင့်ကတ်ထုတ်ယူရမည့် နေပြည်တော်မှ လျှောက်ထား သူများသည်  မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ရုံးအမှတ်(၄၄) ၌လည်းကောင်း ၊  ပြည်နယ်/တိုင်းဒေသကြီး များမှ  လျှောက်ထားသူများသည် မိမိတို့ဖြေဆိုရန်လျှောက်ထားသည့် စာဖြေဌာနများဖြစ်သည့် စက်ရုံများ တွင်လည်းကောင်း ၂၂.၁၂.၂၀၂၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နှင့် ၂၃.၁၂.၂၀၂၁ ရက်နေ့ (ကြာသာပတေး) နေ့ ရုံးချိန်အတွင်း ဖြေဆိုခွင့်ကတ်များအား သတင်းစာကြော်ငြာတွင်ပါရှိသည့် စာရွက်စာတမ်း အထောက် အထားများနှင့်အတူ ကာယကံရှင် ကိုယ်တိုင်လာရောက် ထုတ်ယူရမည်ဖြစ်ပါသည်။

၃။        ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာဖြေ ဌာနများကို Website www.moee.gov.mm နှင့် Facebook Page (@ MOEEmyanmar) တို့တွင် ပူးတွဲပါအတိုင်း ကြေညာအပ်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေလုပ်ငန်း ဖုန်းနံပါတ် ၀၆၇-၃၄၁၁၁၂၂ / ၃၄၁၁၁၇၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများ၏ အမည်စာရင်းနှင့် လူတွေ့ဖြေဆိုရမည့် နေ့ရက်တို့ကို အထက်ပါ Website နှင့် Facebook Page  များတွင် ထပ်မံထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

Download Link : MPE_Nominate.pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
16-Dec-2021