၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ပြင်ပဝင်ပေါက်ရာထူးနေရာများဖြစ်သည့် ဒုတိယဦးစီးမှူး၊ စက်မှုစီမံရေး(၂)၊ စစ်ဆေးရေးမှူး(၂)၊ ဓာတ်ခွဲကျွမ်းကျင်(၂)၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ စက်မှုစီမံရေး(၄)/ စစ်ဆေးရေးမှူး(၄)၊ ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ ဓာတ်ခွဲကျွမ်းကျင်(၄)၊ အငယ်တန်းစာရေး ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် ၁၁-၁၁-၂၀၂၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းအား ထုတ်ပြန်ကြေညာလိုက်ပါသည်။