The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခေါ်ယူသော လစာနှုန်း ၁၆၂၀၀ဝိ-၂၀၀ဝိ-၁၇၂၀၀ဝိ တန်းနှင့် လစာနှုန်း ၁၄၄၀၀ဝိ -၂၀၀ဝိ-၁၅၄၀၀ဝိ တန်း ရာထူးနေရာများအတွက် လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် ဖြေဆိုရမည့်နေ့ရက်များနှင့် နေရာ ကြေညာခြင်း

၁။       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊  မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှှ ဝန်ထမ်းသစ်ခေါ်ယူ ခဲ့သည့် ရာထူးနေရာများအတွက်  ၁၁.၁၁.၂၀၂၁ ရက်နေ့မှ  ၁၀.၁၂.၂၀၂၁ ရက်နေ့အထိ ပေးပို့ လျှောက်လွှာများမှ လစာနှုန်း ၁၆၂၀၀ဝိ-၂၀၀ဝိ-၁၇၂၀၀ဝိ တန်း (ယာဉ်မောင်း(၅)/ စက်မှုကျွမ်းကျင်(၅)/ လျှပ်စစ်ကျွမ်းကျင်(၅)/ စက်မှုစီမံရေး(၅)/ ထုတ်လုပ်ရေးကျွမ်းကျင်(၅)/ ဓာတ်ခွဲခန်းကျွမ်းကျင်(၅)/ မီးသတ်တပ်ကြပ်/ လုံခြုံရေး(၅)) နှင့် လစာနှုန်း ၁၄၄၀၀ဝိ -၂၀၀ဝိ-၁၅၄၀၀ဝိ တန်း (လုပ်သား/ သန့်ရှင်းရေးအကူ/ ရုံးအကူ) ရာထူးများသို့  လျှောက်ထားလာသည့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများအား လူတွေ့စစ်ဆေးခြင်းကို ၅.၁.၂၀၂၂ရက်နေ့(ဗုဒ္ဓဟူးနေ့)မှ ၁၂.၁.၂၀၂၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) အထိ(ရုံးပိတ်ရက်များမပါ)နံနက် ၁၀:၀၀ ချိန်မှ ၁၆:၀၀ ချိန်အတွင်း စစ်ဆေးပြုလုပ် သွားမည်ဖြစ်ပါသည်။

၂။       သို့ပါ၍ လူတွေ့စစ်ဆေးခြင်းပြုလုပ်ရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် သူများသည် သတ်မှတ်ထားသည့် နေ့ရက်များတွင် မိမိတို့လျှောက်ထားသည့် စာဖြေဌာနများ၌ မပျက်မကွက်သွားရောက်၍ လူတွေ့အစစ်ဆေးခံကြရမည်ဖြစ်ပါသည်။

၃။       လူတွေ့စစ်ဆေးခြင်းဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် လူတွေ့ဖြေဆိုရမည့်  စာစစ် ဌာနနှင့် နေ့ရက်များကို ဝန်ကြီးဌာန Website.WWW.moee.gov.mm နှင့် Facebook Page (@ MOEEmyanmar) တို့တွင် ပူးတွဲပါအတိုင်း ကြေညာအပ်ပါသည်။ အသေးစိတ်သိရှိ လိုပါက မြန်မာ့ရေနံဓာတုဗေလုပ်ငန်း ဖုန်းနံပါတ် ၀၆၇-၃၄၁၁၁၂၂ / ၃၄၁၁၁၇၁ သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး လူတွေ့စစ်ဆေးခြင်းအောင်မြင်သူများ၏ အမည်စာရင်းကို အထက်ပါ Website နှင့် Facebook Page  များတွင် ထပ်မံထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါ သည်။ 

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
24-Dec-2021