The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၁) ဓာတ်မြေသြဇာစက်ရုံ(စလေ)၊ အမှတ်(၂) ဓာတ်မြေသြဇာစက်ရုံ(ကျွန်းချောင်း) အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)နှင့် အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)စက်ရုံများ နှင့်စပ်လျဉ်း၍ စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest-EOI) တင်ပြခဲ့ကြသည့် စိတ်ဝင်စားသည့် ကုမ္ပဏီ/အဖွဲ့အစည်းများစာရင်း

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ် (၁) ဓာတ်မြေသြဇာစက်ရုံ(စလေ)၊ အမှတ်(၂) ဓာတ်မြေသြဇာစက်ရုံ(ကျွန်းချောင်း)၊ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)နှင့်  အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) စက်ရုံများနှင့်စပ်လျဉ်း၍ ကုမ္ပဏီ/အဖွဲ့အစည်း (၁၂) ခုမှ  စိတ်ဝင်စားသည့် စက်ရုံများအလိုက် EOI တင်ပြခဲ့ကြပါသည်။

၂။       ဓာတ်မြေသြဇာစက်ရုံ(၄)ရုံ အတွက် EOI တင်သွင်းလာသည့် ကုမ္ပဏီ (၅) ခု ၊ အမှတ်(၄) နှင့်အမှတ်(၅) စက်ရုံများအတွက်  EOI တင်သွင်းလာသည့် ကုမ္ပဏီ (၂) ခု ၊  အမှတ်(၁) နှင့်အမှတ်(၂) စက်ရုံများအတွက်  EOI တင်သွင်းလာသည့် ကုမ္ပဏီ (၂) ခု ၊  အမှတ်(၂) နှင့်အမှတ်(၅) စက်ရုံများအတွက်  EOI   တင်သွင်းလာသည့် ကုမ္ပဏီ (၂) ခု နှင့်  အမှတ်(၄) စက်ရုံအတွက် EOI တင်သွင်းလာသည့် ကုမ္ပဏီ (၁) ခု   တို့ဖြစ်ပါသည်။

၃။      အဆိုပါစက်ရုံများအတွက် တင်ဒါခေါ်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါသည်။

Post under by : ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(OGPD)
30-Dec-2021