၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အသစ်ခေါ်ယူခန့် ထားရန် သတင်းစာနှင့် Website မှ ကြော်ငြာခေါ်ယူခဲ့သော လစာနှုန်း ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ တန်း တိုင်းထွာရေး(၄)၊ စက်မှုကျွမ်းကျင်(၄)၊ ရေနံကျွမ်းကျင်(၄) ရာထူးနေရာများအတွက် ၂၆-၁၂-၂၀၂၁ ရက် (တနင်္ဂနွေနေ့)၌ ကျင်းပပြုလုပ်ခဲ့သည့် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းဖြေဆိုခွင့်ရရှိသူများ၏အမည်စာရင်းအား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြေညာလိုက် သည်။
၂။ လူတွေ့စစ်ဆေးခြင်းဖြေဆိုခွင့်ရရှိသူများအနက် နေပြည်တော်စာစစ်ဌာနတွင် ဖြေဆိုခဲ့သည့်သူ များအား လူတွေ့စစ်ဆေးခြင်းကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရုံးအမှတ်(၄၄)၊ နေပြည်တော် တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်-
စဉ် |
ရာထူး |
ဦးရေ |
လူတွေ့ဖြေဆိုရမည့် နေ့ရက်၊ အချိန် |
(က) |
တိုင်းထွာရေး(၄) |
၇ |
၂၃-၁-၂၀၂၂ရက် (တနင်္ဂနွေနေ့)၊ နံနက်(၉:၀၀)နာရီ |
(ခ) |
စက်မှုကျွမ်းကျင်(၄) |
၈ |
|
(ဂ) |
ရေနံကျွမ်းကျင်(၄) |
၁ |
၃။ သာကေတစာစစ်ဌာန၊ ပြည်ရေနံမြေစာစစ်ဌာန၊ မန်းရေနံမြေစာစစ်ဌာနနှင့် ချောက်ရေနံမြေ စာစစ်ဌာနတို့တွင် ရေးဖြေစာမေးပွဲဖြေဆိုအောင်မြင်၍ လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများသည် ၂၃-၁-၂၀၂၂ရက် (တနင်္ဂနွေနေ့) နံနက် ၉:၀၀ နာရီအရောက် သက်ဆိုင်ရာစာစစ်ဌာနများသို့ သတင်းပေးပို့ သွားရန် ဖြစ်ပါသည်။
၄။ ထိုသို့ လူတွေ့ဖြေဆိုရန်လာရောက်သည့်အချိန်တွင် အောက်ဖော်ပြပါစာရွက်စာတမ်း(မူရင်း)များ မပျက်မကွက် ယူဆောင်လာရမည်ဖြစ်ပါသည်-
(က) နိုင်ငံသားစိစစ်ရေးကဒ်ပြား
(ခ) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်
(ဂ) ဘွဲ့လက်မှတ်
၅။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အထွေထွေစီမံခန့်ခွဲရေးဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၁၃၃၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း