The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခေါ်ယူသော လစာနှုန်း ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ တန်းနှင့် လစာနှုန်း ၁၈၀၀၀ဝိ -၂၀၀ဝိ-၁၉၀၀၀ဝိ တန်း ရာထူးနေရာများအတွက် လူတွေ့စစ်ဆေးခြင်းဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်း၊ ဖြေဆိုရမည့်နေရက်နှင့်နေရာကြေညာခြင်း

၁။       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊      မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းတွင်  ဝန်ထမ်းသစ်ခေါ်ယူ ခန့်ထားရန် သတင်းစာ နှင့် Website မှ ကြော်ငြာခေါ်ယူခဲ့သည့် လစာနှုန်း ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ တန်း စာရင်းကိုင်(၂)/ ထုတ်လုပ်ရေးကျွမ်းကျင်(၂)/ စက်မှုကျွမ်းကျင်(၂)/ လျှပ်စစ်ကျွမ်းကျင်(၂)/ ဓာတ်ခွဲခန်းကျွမ်းကျင်(၂)/ ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများ နှင့် လစာနှုန်း ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ တန်း စာရင်းကိုင်(၄)/ အငယ်တန်းစာရေး/ ထုတ်လုပ်ရေးကျွမ်းကျင်(၄)/ စက်မှုကျွမ်းကျင်(၄)/လျှပ်စစ်ကျွမ်းကျင်(၄)/ ဓာတ်ခွဲခန်းကျွမ်းကျင်(၄)/ ဒု-လ/ထကွန်ပျူတာ လုပ်ဆောင်ရေးမှူး/ ဒု-လ/ထကြီးကြပ်ရေးမှူး  ရာထူးနေရာများအတွက်  ၂၆.၁၂.၂၀၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အရည်ချင်းစစ်ရေးဖြေစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့် ရသူများ၏ အမည်စာရင်းနှင့် ဖြေဆိုရမည့်နေ့ရက်များကို ပူးတွဲပါ အတိုင်းကြေညာအပ်ပါသည်။

၂။       လူတွေ့စစ်ဆေးခြင်းဖြေဆိုခွင့်ရသူများသည် အမည်နှင့် ယှဉ်တွဲပါ လူတွေ့ဖြေဆိုရမည့်နေ့ရက် များ၌ ရေးဖြေစာမေးပွဲဖြေဆိုခဲ့သည့်စာစစ်ဌာနများသို့ နံနက် ၉:၀၀ နာရီအရောက် သတင်းပို့ရန်ဖြစ်ပါ သည်။

၃။       လူတွေ့ဖြေဆိုရန်လာရောက်သည့်အချိန်တွင် အောက်ဖော်ပြပါ စာရွက်စာတမ်း (မူရင်း)များ မပျက်မကွက် ယူဆောင်လာရမည်ဖြစ်ပါသည်-

          (က)    နိုင်ငံသားစိစစ်ရေးကတ်ပြား

          (ခ)      တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်

          (ဂ)      ဘွဲ့လက်မှတ်

          (ဃ)    အလုပ်သမားမှတ်ပုံတင်ကတ်ပြား

၄။         အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေလုပ်ငန်း ဖုန်းနံပါတ် ၀၆၇-၃၄၁၁၁၂၂ / ၃၄၁၁၁၇၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ပါသည်။ အောင်မြင်သူများ၏ အမည်စာရင်းကို Website WWW.moee.gov.mm နှင့် Facebook Page (@ MOEEmyanmar) များတွင် ထပ်မံထုတ်ပြန် ကြေညာသွားမည်ဖြစ်ပါသည်။ 

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
01-Feb-2022