၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ( ၂၅ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂၇)၌ ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီကျင်းပပြုလုပ်ခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ စုစုပေါင်းအသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်အသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများမှ ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။