၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းတွင် လစ်လပ်လျက် ရှိသော ပြင်ပဝင်ပေါက်ရာထူးနေရာများဖြစ်သည့် လစာနှုန်း ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ တန်း၊ လစာနှုန်း ၁၈၀၀၀ဝိ -၂၀၀ဝိ-၁၉၀၀၀ဝိ တန်း ၊ လစာနှုန်း ၁၆၂၀၀ဝိ-၂၀၀ဝိ-၁၇၂၀၀ဝိ တန်းနှင့် လစာနှုန်း ၁၄၄၀၀ဝိ -၂၀၀ဝိ-၁၅၄၀၀ဝိ တန်း ရာထူးနေရာများခန့်ထားနိုင်ရေးအတွက် ရေးဖြေ စာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများကို ဖြေဆိုအောင်မြင်ပြီး ရွေးချယ်ခြင်းခံရသူများ၏ အမည် စာရင်းအား ပူးတွဲပါအတိုင်း ကြေညာအပ်ပါသည်။
၂။ အထက်ပါရာထူးနေရာများအတွက် ရွေးချယ်ခြင်းခံရသူများသည့် မိမိတို့တာဝန်ထမ်း ဆောင်ရမည့် ဌာန/စက်ရုံများသို့ အောက်ဖော်ပြပါစာရွက်စာတမ်းများနှင့်အတူ ၇.၃.၂၀၂၂ ရက် နေ့ ၁၀:၀၀ ချိန်အရောက် သတင်းပို့ရမည်ဖြစ်ပါသည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း)
တက္ကသိုလ်ဝင်တန်းမအောင်မြင်သူများအတွက် ကျောင်းထောက်ခံစာမူရင်း
(ဂ) ဘွဲ့လက်မှတ်(မူရင်း)
(ဃ) အကျင့်စာရိတကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး/ရဲစခန်း
ထောက်ခံချက်(မူရင်း)
(င) ၁ လက်မ x ၁.၂၅ လက်မ အရွယ်အစားရှိ လိုင်စင်ဓာတ်ပုံ(၅)ပုံ
(စ) အလုပ်သမားမှတ်ပုံတင်ကတ်ပြား အလလခ(ပုံစံ-၂) (မူရင်း)
(ဆ) ကျန်းမာကြောင်းဆေးထောက်ခံချက် (မူရင်း)
၃။ ရွေးချယ်ခံရသူများသည် သတ်မှတ်ထားသောနေ့ရက်တွင် သက်ဆိုင်ရာမိမိ တာဝန်ထမ်း ဆောင်ရမည့် ဌာန/စက်ရုံသို့သတင်းပို့ရမည်ဖြစ်သည်။ပျက်ကွက်သူများနှင့် အကြောင်း တစ်မျိုး မျိုးကြောင့် တာဝန်ထမ်းဆောင်ခြင်းမပြုနိုင်သူများ၏ ရာထူးနေရာများ၌ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေပုဒ်မ ၂၀ (င) (၉) အရ ဝန်ထမ်းရွေးချယ်ခန့်ထားရန် အရန်စာရင်းရှိ အမှတ်အများ အနည်း အလိုက် တန်းစီဇယားအမှတ်စဉ်အတိုင်း အစားထိုးဖြည့်စွက် ရွေးချယ်ခန့်ထားမည်ဖြစ်ပါသည်။
၄။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဖုန်းနံပါတ် ၀၆၇-၃၄၁၁၁၂၂ / ၃၄၁၁၁၇၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း