The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ထိန်းညှိ ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၌ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေး၊ ရောင်းချထားသော ဓာတ်အားခများ ရရှိရေး တို့နှင့် ပတ်သက်၍ ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံ များနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၂  ခုနှစ်၊   မတ်လ  (  ၅  )ရက်                   

               ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ထိန်းညှိ ဖြန့်ဖြူးပေးနိုင်‌ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၌ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေး၊ ရောင်းချထားသော ဓာတ်အားခများရရှိရေးတို့နှင့် ပတ်သက်၍ ခရိုင်လျှပ်စစ်မန်နေဂျာ/ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊  မတ်လ ၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

               အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ် လျှပ်စစ်မန်နေဂျာ/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက် ခဲ့ကြပ သည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ ဝန်ကြီးဌာန သည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်အားပြည့်နေသည့်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များကိုလည်း စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးတို့ကိုလည်း အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား ပို့လွှတ်နေသည့် ဓာတ်အားလိုင်း တာဝါတိုင်များအား ဖျက်ဆီးခြင်းခံရသည့်အတွက် လျှပ်စစ် ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ပို့လွှတ်နိုင်မှုမရှိခြင်း၊ LNG ဈေးနှုန်း အဆမတန်မြင့်တက်ပြီး နိုင်ငံတကာ ရေနံဈေးကွက် တည်ငြိမ်မှုမရှိ၍ ဝယ်ယူရန်ခက်ခဲနေသည့် ကာလအတွင်း LNG ဓာတ်ငွေ့ရည်သုံးဓာတ်အားပေး စက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့် ရပ်တန့်ထားရခြင်းတို့ကြောင့် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်နိုင်မှုသည် သုံးစွဲမှုထက်လျော့နည်းနေသည့်အတွက် ဝန်အားထိန်းညှိခြင်း၊ ဝန်အားလျော့ချရခြင်းတို့ ဆောင်ရွက် နေရခြင်းဖြစ်ပါကြောင်း ထိုသို့ ဓာတ်အားထုတ်လုပ်မှု မလုံလောက်သည့် ကာလအတွင်းတွင်လည်း အချိန်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးသည့်စနစ်ကို ပြည်သူများ သိရှိအောင် အသိပေး ကြေငြာခြင်းများ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ထမ်းများသည် ပြည်သူ လူထုနှင့် အနီးကပ်ဆုံး ထိတွေ့နေသူများဖြစ်၍ ပြည်သူလူထုအား နားလည်နိုင်စေရန် ရှင်းလင်း ပြောကြားသွားကြရန်လိုအပ်ကြောင်း၊ ပျက်စီးသွားသော တာဝါတိုင်များကိုလည်း အမြန်ဆုံး ပြင်ဆင်ပြီး ဓာတ်အားပို့လွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ကျောက်ဖြူဒေသ၌ (၁၅၀) မဂ္ဂါဝပ် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသည့်အပြင် အခြားသော အရင်းအမြစ်များမှ လည်း ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ပြီး လျှပ်စစ် ဓာတ်အား များအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးနှင့် ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် အချိန်မီ ဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက် ဖြစ်ပါကြောင်း၊ သုံးစွဲခဲ့သည့် ဓာတ်အားခကောက်ခံခြင်းများကိုလည်း သတ်မှတ်ရက်များအတိုင်း အပြည့်အဝ ရရှိစေရေး၊ မီတာ ဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။  

               ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေ အနေ၊ နှစ်အလိုက်ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားခများ ကောက်ခံရရှိမှု အခြေအနေတို့ကို တာဝန်ရှိသူမှ ရှင်းလင်းတင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
05-Mar-2022