၂၀၂၂ ခုနှစ်၊ ဧပြီလ ( ၁၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကြိုဆိုပွဲ အခမ်း အနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့၊ သင်္ကြန်အကျနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၇)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရိုးရာမဟာသင်္ကြန်အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ဦးစီးဌာနများ နှင့် လုပ်ငန်းများကိုယ်စားပြု သင်္ကြန်အလှမယ် ယိမ်းအကအဖွဲ့များမှ ယိမ်းအကများ၊ တေးသံသာ များဖြင့် ဧည့်ခံဖျော်ဖြေကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက် လာသူ ဧည့်သည်တော်များမှ အတာရေများ အပြန်အလှန် ပက်ဖျန်းကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဦးစီးဌာနများနှင့် လုပ်ငန်းများ ကိုယ်စားပြု ယိမ်းအကအဖွဲ့များ အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။