The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဇွန်လ   ) ရက်

             လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန် သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေး စက်များမောင်းနှင်နေမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေနှင့် ပေါင်းလောင်း ရေလှောင်တမံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

        ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးခင်ဇော်နှင့် အမှတ်(၅)တည်ဆောက် ရေး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်တို့က ပေါင်းလောင်းတမံအား ထိန်းသိမ်းစောင့်ရှောက်နေမှုအခြေ အနေအားလည်းကောင်း၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးမင်းခိုင်က  ပေါင်းလောင်းရေလှောင်တမံနှင့် ရေအားလျှပ်စစ်စက်ရုံ လျှပ်စစ်ဓာတ်အားတိုးတက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေတို့အားလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြ ကြရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက လာမည့် နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ပြည့်မီ အောင် ထုတ်လုပ်ပေးနိုင်ရန်အတွက် ရေလှောင်တမံအတွင်းသို့ စီးဝင်လာသည့်ရေကို စနစ်တကျ စီမံ၍ ဓာတ်အားထုတ်လုပ်နိုင်ရန်နှင့် ရေဂိတ်တံခါးပါ ရေပိုလွှဲပြင်ဆင်တင်တည်ဆောက်မည့် အခြေ အနေတို့နှင့်ပတ်သက်၍ မှာကြားခဲ့ပြီး တမံ၏ကြံ့ခိုင်မှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင် ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေဂိတ်တံခါးပါ ရေပိုလွှဲပြင်ဆင်တည်ဆောက်မည့် အခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု အခြေအနေများ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဟိန်းထက်က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်မှာကြားရာတွင် ဓာတ်အားပေးစက်များအား ကြံ့ခိုင်မှုရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြည်သူများ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ သန့်ရှင်းသာယာ လှပရေးနှင့် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရန် အတွက် ရေအားလျှပ်စစ်စက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံးစက်ရုံများစသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများကို Generation Mix တွင် အရင်းအမြစ်မျိုးစုံ ပါဝင်ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများအား ဂုဏ်ပြု ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အား ထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော် ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
04-Jun-2022