၂၀၂၂ ခုနှစ်၊ ဇွန်လ ( ၅ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တနင်္သာရီ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၅)ရက် နေ့လယ်ပိုင်းက မြိတ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွား ရောက်၍ ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းဗိုလ်က တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးဆောင်ရွက်မှု အခြေအနေများ၊ နှစ်အလိုက် ဝန်အား တိုးတက်သုံးစွဲလာမှု အခြေအနေများ၊ ခရိုင်အလိုက် ဓာတ်အားခဈေးနှုန်း အခြေအနေများ၊ တိုင်းဒေသကြီးအတွင်းရှိ အသေးစားရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေများနှင့် ပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရှိသည့် အသေးစား ရေအားလျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများ၏ စီမံကိန်းဖြစ်မြောက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ အတွက် မရှိမဖြစ်လိုအပ်သော လျှပ်စစ်စွမ်းအားကဏ္ဍကို ဖြည့်ဆည်းပေးနေသည့်အတွက် ကုသိုလ်ရသည့်အလုပ်အဖြစ် သိရှိနားလည်ကြပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိ ရို သေကြလျက် မိမိတို့၏ အလုပ်တာဝန်များအား စေတနာထား၍ ကျေပွန်စွာ ကြိုးပမ်းထမ်း ဆောင်ကြရန်၊ လုပ်ငန်းခွင်အတွင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက် ကြရန်၊ အခြားသော ဆက်စပ်ဌာနများနှင့်လည်း ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ ဓာတ်အား လိုင်းများနှင့် ဓာတ်အားခွဲရုံများ၏ ကြံ့ခိုင်မှုများအား အမြဲမပြတ်စစ်ဆေး၍ အချိန်နှင့် တစ်ပြေးညီ ထိန်းသိမ်းပြုပြင်သွားကြရန်၊ ဓာတ်အားပျောက်ဆုံးမှုများအား ယခုထက်ပိုမို လျော့နည်းစေရေး စီမံချက်များရေးဆွဲ ချမှတ်ဆောင်ရွက်ရန်၊ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား လျှပ်စစ်မီးသွယ်တန်းနိုင်ရေး ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဒေသအတွင်းရှိ ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များကို အကျိုးရှိရှိ ထုတ်ယူသုံးစွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စီမံကိန်းအသစ်များအား ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်စေရန် အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သလို လက်ရှိလည်ပတ်နေသည့် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုစွမ်းရည် မြှင်တင်နိုင်ရေးအတွက်လည်း အလေးအနက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ် ဓာတ်အား ပိုမိုထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်း၊ Solar PV Hybrid Mini-grid များ တပ်ဆင်သုံးစွဲခြင်းများဖြင့် လက်ရှိဒီဇယ်ဓာတ်အားပေးစက်ရုံများ၏ ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချနိုင်သည့်အတွက် နိုင်ငံတော်မှ နိုင်ငံခြားငွေသုံးစွဲရမှုကို လျှော့ချပေးနိုင်၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်စရိတ် ကြီးမြင့်မှုနှင့် ဒီဇယ်ဆီသုံးစွဲမှု များပြားခြင်းစသည့် ဘေးထွက် ဆိုးကျိုးများကိုပါ လျော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ အသေးစားရေအားလျှပ်စစ် အရင်းအမြစ်ရှိသည့် နေရာများတွင် Micro (သို့မဟုတ်) Mini Hydropower Mini-grid များကို အကောင် အထည်ဖော်ဆောင်ရွက်ပြီး လက်ရှိ မြန်မာ့ဓာတ်အားစနစ်နှင့် ထပ်မံချိတ်ဆက်ကာ Regional Grid အဖြစ် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အဖွဲ့သည် မြိတ်မြို့တွင် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော Petro & Trans ကုမ္ပဏီ၏ ဓာတ်အားပေးစက်ရုံ များဖြစ်သော စက်တပ်ဆင်အင်အား(500)KVA (၅)လုံးတပ်ဆင်ထားသော စုစုပေါင်းတပ်ဆင် အင်အား(2500)KVAရှိ ကန်ဖျားဒီဇယ်သုံး ဓာတ်အားပေးစက်ရုံနှင့် စက်တပ်ဆင်အင်အား (1250)KVA (၂)လုံး၊ (1000)KVA (၁)လုံး၊ (500)KVA (၁၆)လုံး၊ (560)KVA (၁၁)လုံး စုစုပေါင်း တပ်ဆင်အင်အား (17660)KVA ရှိ ကုန်းဖောက်ဒီဇယ်သုံးဓာတ်အားပေးစက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရေး၊ ဒီဇယ်ဆီကို အသုံးပြုလည်ပတ်ရသော ဓာတ်အားပေးစက်ရုံများ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဂရုပြု ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။