The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ မြိတ်ခရိုင်အတွင်းရှိ ရေထွက်လုပ်ငန်းစက်ရုံများတွင် လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုနေမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊    ဇွန်လ   ( )ရက်

               လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တနင်္သာရီ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ (၇) ရက်နေ့တွင် မြိတ်ခရိုင်ရှိ ရေထွက်လုပ်ငန်းစက်ရုံများတွင် Diesel Generator များဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူ၍ စက်ရုံများ လည်ပတ်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

               ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ပထက်ကျွန်းပေါ်ရှိ ပြည်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်သို့ ရောက်ရှိခဲ့ကြပြီး Diesel Generator (၁၃) လုံး စုစုပေါင်း စက်တပ်ဆင်အင်အား (၈.၅) မဂ္ဂါဝပ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူ၍ တန် (၁၀၀၀) ကျ အအေးခန်း စက်ရုံလည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

               ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိခဲ့ ကြရာ လုပ်ငန်းဆောင်ရွက်မှုနှင့် လျှပ်စစ်ဓာတ်အား အသုံးပြုမှုအခြေအနေများနှင့် ၂၆၀ ကီလိုဝပ် Ground Mounted ဆိုလာစနစ် တပ်ဆင်အသုံးပြုမှုများအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စက်ရုံ၊ အလုပ်ရုံ အမိုးများအပေါ်တွင် Rooftop ဆိုလာစနစ်များ  တပ်ဆင်အသုံးပြုသင့်ပါကြောင်း၊ လက်ရှိ Ground Mounted ဆိုလာစနစ်ဘေးရှိ မြေနေရာလွတ်များတွင် ဆိုလာစနစ်များ တိုးချဲ့ တပ်ဆင်သင့်ပါကြောင်း၊ ရေသိုလှောင်ကန်များတွင် ရေပေါ် (Floating) ဆိုလာစနစ်များ တပ်ဆင် အသုံးပြုသင့်ပါကြောင်း၊ ဘတ္ထရီသိုလှောင်စနစ် (Battery Storage System) ကိုပါ တွဲဖက်အသုံးပြု သင့်ပါကြောင်း၊ ယင်းကဲ့သို့ ဆိုလာစနစ်များ အသုံးပြုခြင်းဖြင့် ဒီဇယ်ဆီ အသုံးပြုမှုကို လျှော့ချနိုင် မည်ဖြစ်ပါကြောင်း၊ ကနဦး ကုန်ကျစရိတ်ထက် ရေရှည်တိုးတက်မှုကို ပိုမိုရှေ့ရှုဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန် မှာကြားပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင် ကောင်းကုမ္ပဏီ အစည်းအဝေးခန်းမတွင် စက်မှုဇုန်ရှိ စက်ရုံမှ တာဝန်ရှိသူများက စက်ရုံများအလိုက် Diesel Generator များဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူ၍ စက်ရုံများ လည်ပတ်မောင်းနှင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက Diesel Generator များဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် ထုတ်လုပ်သည့်ပမာဏအလိုက် လောင်စာဆီသုံးစွဲခဲ့ရသဖြင့်ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားခြင်း၊ စက်ပြုပြင်ထိန်းသိမ်းစရိတ်များ ကြီးမြင့်ခြင်းနှင့် အခြားဘေးထွက် ဆိုးကျိုးများရှိပါကြောင်း၊ ၎င်းတို့ကို လျှော့ချနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အခြေပြု လျှပ်စစ် ဓာတ်အားပေးစနစ်များကို အစားထိုးသုံးစွဲသင့်ပါကြောင်း၊ ဤဒေသရှိ ရေစွမ်းအင်၊ နေရောင်ခြည် စွမ်းအင်နှင့် လေစွမ်းအင် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲပါက လောင်စာဆီ အတွက် ကုန်ကျစရိတ်မရှိသည့်အပြင် လေထုလွှာအတွင်း ကာဗွန်ထုတ်လုပ်မှု မရှိပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု နိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး စနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ရှိပါကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
09-Jun-2022