၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန် သည် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် ညွှန်ကြားရေးမှုးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်းရှိ တိမ်းစောင်း ချို့ယွင်းမှုဖြစ်ပွားခဲ့သော တာဝါတိုင်အမှတ် ၆၁၃ ပြန်လည်ပြင်ဆင်နေခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မ ထိန်းချုပ်ရေးစခန်း(မန္တလေး) တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ မဟာဓာတ်အား လိုင်းရှိ တိမ်းစောင်းချို့ယွင်းမှုဖြစ်ပွားခဲ့သော တာဝါတိုင်အမှတ် ၆၁၃ ပြန်လည်ပြင်ဆင်နေခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တာဝါတိုင်အမှတ် ၆၁၃ တိမ်းစောင်းချို့ယွင်းဖြစ်ပွားခဲ့မှု အခြေအနေအား ရှင်းလင်းတင်ပြကြ ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် တာဝါတိုင်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများအား အမြန်ဆုံး ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအား အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် မဒဲကျွန်း ရေနံသိုလှောင်စခန်းတို့မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များပို့လွှတ်ပေးနေမှုကို ထိန်းချုပ်ဖြန့်ဖြုးပေး နေသည့် မန္တလေးမြို့ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေး စခန်း(မန္တလေး)သို့ရောက်ရှိရာ အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဥက္ကဋ္ဌ Mr. Li Zinlin နှင့်တာဝန်ရှိသူများက ဓာတ်ငွေ့ပိုက်လိုင်းပင်မထိန်းချုပ်ရေးစခန်းနှင့် ပိုက်လိုင်း တစ် လျောက်ရှိ ထိန်းဖြန့်စခန်းများ၏ ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများ၊ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသည့် စက်ရုံများသို့ သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေမှုအခြေအနေများ၊ ပိုက်လိုင်းနှင့်ဝင်ငွေရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် နှစ်နိုင်ငံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေပြီး ဝင်ငွေတိုးတက်ရရှိစေသော စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့များ ယခုထက်ပိုမိုရရှိသုံးစွဲနိုင်ရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ်ပို့လွှတ်ပေးနိုင်ရေး ပိုက်လိုင်းကြံ့ခိုင်မှုအတွက် လိုအပ်သောစစ်ဆေးခြင်းများအား သတ်မှတ်အချိန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ပိုက်လိုင်းတစ် လျောက်ရှိ မြို့/ ကျေးရွာများအား လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများကို ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးနှင့် ပိုက်လိုင်းတစ်လျောက်ရှိ ထိန်းဖြန့်စခန်းများ၏လုံခြုံရေးနှင့် မီးဘေး အန္တရာယ်ကင်းရှင်းစေရေးတို့ကို အထူးဂရုပြုဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းလမ်းညွှန် မှာကြားပြီး ပိုက်လိုင်းစခန်းအတွင်းရှိ control center ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူး ပေးနေမှုအခြေနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။