The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားခဲ့သည်များကို ထပ်ဆင့်မှာကြား ရှင်းလင်းခြင်းနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်နှင့် ဒုတိယ(၆)လပတ်တို့တွင် ဘဏ္ဍာငွေလျာထားသုံးစွဲဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်

               နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားခဲ့သည်များကို ထပ်ဆင့် မှာကြားရှင်းလင်းခြင်းနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်နှင့် ဒုတိယ(၆)လပတ်တို့ တွင် ဘဏ္ဍာငွေလျာထား သုံးစွဲဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အမှုဆောင်အရာရှိချုပ်များနှင့် ဌာန အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်မှ ဇူလိုင် (၃၁) ရက်နေ့ထိ (၆)လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်မှာကြားရှင်းလင်းရန်အတွက် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ လမ်းညွှန်ချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများက အလေးထားလိုက်နာဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများအနေဖြင့် ကျန်ရှိနေသည့် ဘဏ္ဍာရေးနှစ်တွင် (၃)လပတ် အလိုက် ဘဏ္ဍာငွေလျာထားဆောင်ရွက်ရာတွင်လည်း လုပ်ငန်းပြီးစီးမှုနှင့် ဘဏ္ဍာငွေသုံးစွဲမှုတို့ကို ဟန်ချက်ညီ ပြီးစီးသွားရန်လိုအပ်ကြောင်း၊ အချို့သောလုပ်ငန်းများတွင် တင်ဒါခေါ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေ၍ လုပ်ငန်းတိုးတက်မှုအနည်းငယ် နှောင့်နှေးနေသော်လည်း တင်ဒါပြီးဆုံး၍ လုပ်ငန်း စတင်ဆောင်ရွက်သည်နှင့် မြို့ပြဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်နှင့် ပြီးစီးစေရေး ကြပ်မတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း သတ်မှတ်သည့် အရည်အသွေး ပြည့်မီစေရန်နှင့် သတ်မှတ်အချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်း တိုးတက်ဆောင်ရွက်နိုင်မှုကို တိုင်းတာရာတွင် ဘဏ္ဍာငွေ သုံးစွဲနိုင်မှုပါ ပါဝင်သဖြင့်် လုပ်ငန်းနှင့် ဘဏ္ဍာငွေ ဟန်ချက်ညီပြီးစီးရန် လိုအပ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ် ဓာတ်အားရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ ရင်းနှီး မြှုပ်နှံမှုနည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး တိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းများကိုလည်း သတ်မှတ်ဘဏ္ဍာကာလအတွင်း သတ်မှတ်လုပ်ငန်းပမာဏကို ပြီးစီးနိုင်ရေး ဆောင်ရွက်ရန်နှင့် ဖြစ်ပေါ်နေသည့်အခက်အခဲများကို လည်း ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့သည့် ဘဏ္ဍာရံပုံငွေကိုလည်း စနစ်တကျစိစစ်၍ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအတွက် ဓာတ်အားပေး စက်ရုံများအပိုင်းတွင်လည်း ဓာတ်အားပေးစက်ရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဓာတ်အားပေးစက်ရုံသုံးပစ္စည်းများအား ကြံ့ခိုင်နေစေရန် အမြဲစစ်ဆေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု အပိုင်းတွင်လည်း လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံး နှင့် ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် အချိန်မီဖြန့်ဖြူးပေးပို့နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခများကိုလည်း ရာနှုန်းပြည့် အပြည့်အဝ ရရှိရေး ကောက်ခံသွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် လုံခြုံရေးအား အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးတို့အတွက် ထရန် စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးတို့အား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများတွင် မိမိတို့ကျရာ အခန်းကဏ္ဍများမှ တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။  

          ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှုးများနှင့် အမှုဆောင်အရာရှိချုပ်များက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် နှင့် ဒုတိယ(၆)လပတ်တို့တွင် ဘဏ္ဍာငွေလျာထားသုံးစွဲမည့် အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
19-Aug-2022