The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ၁၅ ) ရက်

          ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဉီးလွင်ဉီးနှင့်အတူ ၁၃.၁၀.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားနိုင်ငံ Novatek ကုမ္ပဏီမှ Chairman of the Management Board ဖြစ်သူ Mr. Leonid Mikhelson ဉီးဆောင်သောအဖွဲ့အား မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ထုတ်လုပ်ရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ပါသည်။

            ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Mr. Nikolay G.Shulginov ဉီးဆောင်သောအဖွဲ့နှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးခဲ့ပြီး ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံအကြီးအကဲများ၏ ခရီးစဉ် များမှ ဆွေးနွေးခဲ့သောကိစ္စများအား နောက်ဆက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စရပ် များ၊ မြန်မာနိုင်ငံသို့ စက်သုံးဆီတင်သွင်းရေးကိစ္စများ၊ ရေနံချက်စက်ရုံတည်ဆောက်ရေးကိစ္စများနှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

              ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ RusHydro ကုမ္ပဏီမှ Deputy Director General ဖြစ်သူ Mr. Machekhin  ဉီးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် RusHydro ကုမ္ပဏီက Deputy Director General ဖြစ်သူ Mr. Machekhin မှ ရုရှားနိုင်ငံနှင့် အခြားနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကိစ္စရပ်များ၊ ရေအား လျှပ်စစ်နှင့်ပတ်သက်သော အင်ဂျင်နီယာလုပ်ငန်းများ၊ Geological နှင့်ပတ်သက်သော လုပ်ငန်းများ အားလုံးကိုလည်း လုပ်ဆောင်ပေးနိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

           ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်မှ မြန်မာ နိုင်ငံတွင် ရေအားလျှပ်စစ်များထုတ်လုပ်နိုင်သည့် အရင်းအမြစ်များစွာရှိပါကြောင်း၊ ရေအားလျှပ်စစ် နှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ 

              ညနေပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးနှင့် စွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ LLC SIGMA ကုမ္ပဏီမှ Deputy Director General For Foreign Economic Relation ဖြစ်သူ Mr. Rodionov Nikita ဉီးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံတွင် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးနှင့် စွမ်းအင်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံရှိ Prometey ကုမ္ပဏီမှ President ဖြစ်သူ Mr. Alexander ILIN ဉီးဆောင်သော အဖွဲ့နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံရှိ စွမ်းအင်ဆိုင်ရာကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်းများကို ဖိတ်ခေါ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

             စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးနှင့် စွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့သည် ၁၄.၁၀.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနလက်အောက်ရှိ Joint Stock Company  “Foreign Economic Corporation “PRODINTORG” ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Mikhail Potapov နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ရုရှားနိုင်ငံမှ ဓါတ်မြေဩဇာ တင်သွင်းရေးလုပ်ငန်းစဉ်များပါ အချက်အလက်များအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

              လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်သည် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးနှင့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဉီးလွင်ဉီးနှင့်အတူ ၁၄.၁၀.၂၀၂၂ ရက်နေ့ ညနေပိုင်းတွင် ရုရှားနိုင်ငံ၏ အဓိကလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Inter RAO - Export ၏ General Director ဖြစ်သူ Mr. Alexey Yakovlev အဖွဲ့အားတွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စရပ်အနေဖြင့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်အကောင်အထည်ဖော်ရေးအစီအစဉ်အတွက် PTG Energy ကုမ္ပဏီနှင့် လုပ်ငန်းစတင် ဆောင်ရွက်နိုင်ရေးအတွက် Notice to Proceed(NTP)အား လက်မှတ်ရေးထိုးခဲ့ကြကာ စီမံကိန်း အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
16-Oct-2022