The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့များသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော မဟာဓာတ်အားလိုင်း ဖောက်ခွဲဖျက်ဆီးခံရမှုအခြေအနေအား သတင်းထုတ်ပြန်ခြင်း

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ   ၁၇  ရက်

              ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့ (၁၃) မြို့သို့ လျှပ်စစ်ဓာတ်အား (၆၀) မဂ္ဂါဝပ်ခန့် ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ မင်းဘူး (မန်း) - အမ်း မဟာဓာတ်အားလိုင်း၏ တာဝါတိုင်(၁) တိုင်ကို NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများမှ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လျှပ်စစ်မီးသုံးစွဲသူပြည်သူများသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

Post under by : ဝန်ကြီးရုံး
18-Nov-2022