The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၇ ) ရက်

                                      

     ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဧည့်သည်တော်များ တည်းခိုမည့်နေရာ၊ ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာ၊  ဗိုလ်ရှုသဘင်အခမ်းအနားကျင်းပပြုလုပ်မည့် နေရာနှင့် ဂုဏ်ပြု ယာဉ်များ၊ ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာ ဆိုင်ခန်းများခင်းကျင်းရောင်းချမည့်နေရာများသို့  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ဧည့်သည်တော်များ တည်းခိုနေထိုင်မည့် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်းတွင် 315 KVA ထရန်စဖော်မာ အပြင် 200 KVA ထရန်စဖော်မာ ထပ်မံဖြည့်စွက် ဆောင်ရွက်ရန်နှင့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများတွင် ဓာတ်အားလိုင်း နှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ရန်၊ အရန်မီးစက်များနှင့် ထရန်စဖော်မာ အနီးပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ချုံနွယ် ပေါင်းပင်များအား ရှင်းလင်းဆောင်ရွက်ရန်၊ အရန်မီးစက်များအား Full Load ဖြင့် စမ်းသပ်မောင်းနှင်ခြင်း ပြုလုပ်ထားရန်နှင့် စနစ်တကျ တာဝန်ခွဲဝေပေးအပ်ထားရန်၊ အရန်မီးစက်များအား အမိုး အကာဖြင့် စနစ်တကျထားရှိရန်၊ ထရန်စဖော်မာ အဝင်အထွက်ကြိုးများအား အန္တရာယ်မဖြစ်ပေါ်စေရေး စနစ်တကျ ဆောင်ရွက်ထားရန်၊ အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် အရန်ဓာတ်အားလိုင်းဖြင့် ဓာတ်အားပြန်လည်ချိတ်ဆက် ပို့လွှတ်နိုင်ရေး တာဝန်တိကျစွာချထားရန်နှင့် အခမ်းအနား မကျင်းပမီ ဒုတိယအကြိမ် ထပ်မံ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်၍ မှာကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
07-Dec-2022