The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ( ၃၀ ) ရက်

   ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကံစမ်းမဲဖွင့်ဖောက်ခြင်း၊ စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၏ ဒေသရိုးရာအစားအစာများဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ ဒေသထွက် အမှတ်တရပစ္စည်းများရောင်းချခြင်းနှင့် နိုင်ငံကျော် အဆိုတော် များမှ တေးသံသာများဖြင့် ဧည်ခံဖျော်ဖြေခြင်း အခမ်းအနားများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး  ဝန်ထမ်းများအား နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲ ကံစမ်းမဲဖွင့်ဖောက်နေမှုအား ကြည့်ရှု အားပေးခဲ့ပါသည်။ ၎င်းနောက် တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၏ နိဗ္ဗာန်ဈေးနှင့် အမှတ်တရပစ္စည်း ရောင်းချခြင်းတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။   

     ညပိုင်းတွင် ကြွရောက်လာသည့် ဧည့်သည်တော်များနှင့် ဝန်ထမ်းများအား နိုင်ငံကျော် အဆိုတော်များက တေးသံသာများဖြင့် ဧည်ခံဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Dec-2022