၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” Rusatom International Network ၏ President Mr. Vadim Titov နှင့် Rusatom Energy Projects ၏ Director General Mr. Andrey Rozhdestvin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ ၁၆:၀၀ နာရီအချိန်တွင် အလုံမြို့နယ်ရှိ၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းစဉ်အတွက် ဆောင်ရွက်ထားမှုအခြေအနေများ၊ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းတည်ဆောက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်း တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ချေးငွေရယူရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လက် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ROSATOM နှင့် ပြည်တွင်းကုမ္ပဏီများနှင့် MOU ရေးထိုး ထားရှိမှုအခြေအနေများ၊ လေအားလျှပ်စစ်စီမံကိန်းများအား တည်ဆောက်ရန် ကြာမြင့် ချိန်ကာလ၊ အလားအလာ၊ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ရုရှား ဖက်ဒရေးရှင်းနိုင်ငံ Rusatom International Network ၏ President Mr. Vadim Titov ၊ Rusatom Energy Projects ၏ Director General Mr. Andrey Rozhdestvin နှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” Rusatom International Network ၏ President Mr. Vadim Titov နှင့် Rusatom Energy Projects ၏ Director General Mr. Andrey Rozhdestvin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။