The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၇ ) ရက်   

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ/ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ကြပါသည်။

   ရှေးဦးစွာ  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားမှုအခြေအနေနှင့် လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ လည်းကောင်း၊ ဘဏ္ဍာရေးတာဝန်ခံ အထွေထွေမန်နေဂျာနှင့် မန်နေဂျာများမှ ဘဏ္ဍာရေးဆိုင်ရာကောက်ခံမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။

   တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လုံခြုံရေး နှင့် ပတ်သက်၍ ဝန်ထမ်းတဦးချင်း၏ လုံခြုံရေး၊ ရုံးအခြေခံအဆောက်အဉီများ ဖြစ်သည့် အဆောက်အဉီများဆိုင်ရာလုံခြုံရေး၊ ခွဲရုံများလုံခြုံရေးစသည်တို့ကို အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်မှုအနေဖြင့် ယခုကာလများတွင် ယခင်စုဆောင်းထားရှိသည့် ရေအားစက်ရုံ များမှ ရေများဖြင့် ပိုမိုထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ လာမည့် နွေရာသီကာလအထိ စဉ်ဆက်မပြတ် ဆက်လက်ထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထပ်မံ၍ ဖြည့်ဆည်းပေးနိုင်ရန် ရေအား၊ လေအား စက်ရုံများကိုလည်း တိုးချဲ့တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ထိုက်သင့်သည့် တည်ဆောက် ချိန်ကာလနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာများကိုလည်း အသီးသီးတွက်ချက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ပြည်ထောင်စုရန်ပုံငွေဆိုင်ရာ ရငွေစာရင်းများတွင် မိမိတို့ ရည်မှန်းထားသည့်အတိုင်း ရရှိစေရေးကြပ်မတ်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်မှ စိုက်ထုတ် သုံးစွဲနေရမှုများအား လျော့ကျစေရန် တစ်ယူနစ်ထုတ်လုပ်မှုကျဆင်းရေး အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ်ရန် စီမံဆောင်ရွက်နေသကဲ့သို့ Losses ကျဆင်းရေးကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များအလိုက် ရှုပ်ထွေးဆားဗစ်များ ရှင်းလင်းရေးကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊  Losses ကျဆင်းရေးတွင်လည်း Non Technical Losses ပိုင်းတွင် စနစ်တကျ ငွေသွင်းငွေထုတ်ပြုလုပ်၍ နေစဉ်ကောက်ခံ ရငွေများကိုလည်း တာဝန်ရှိသူ ခရိုင်လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ် လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၎င်းတို့၏ ဆောင်ရွက်မှုများအပေါ် ထပ်မံစစ်ဆေးရန် အဖွဲ့များဖွဲ့စည်းပြီး စစ်ဆေးထားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းလိုအပ်ချက်များကို သတ်မှတ်အင်အား ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အား ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊  ဌာနအကြီးအမှူး များမှလည်း မိမိတို့ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များကို အမြဲမပြတ်ကြည့်ရှု၍ အသိအမှတ်ပြု ဆောင်ရွက်ကာ ရာထူးတိုးမြှင့်ရေးများ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ တွေ့ကြုံနေရ သည့် အခက်အခဲများကိုလည်း ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တဖက်တွင် လည်း နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တစ်ဦးချင်း/အဖွဲ့အစည်းများမှ တပိုင်တနိုင် ထုတ်လုပ်နေသည့် Roof Top Solar များနှင့် Ground Mounted Solar များမှ ၎င်းတို့ အသုံးမပြုသည့်အချိန်များတွင် ဝယ်ယူနိုင်ရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရန်ကုန်မြို့တွင်း သာယာလှပရေးအတွက် လမ်းလယ်ကျွန်းများတွင် LED မီးများဖြင့် လဲလှယ်တပ်ဆင်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တင်ပြဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းတို့အား ပြောကြား ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်စားပြု ပြသမည့် ပြခန်းပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြခန်းအတွင်း ခင်းကျင်းပြသမည့် ရေအား လျှပ်စစ်စီမံကိန်းပုံစံငယ်များ၊ ဓာတ်အားပေးစက်ရုံပုံစံငယ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံပုံစံငယ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
07-Feb-2023