The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂)ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယ ဝန်ကြီး ဦးအေးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ ကြို့ပင် ကျေးရွာအနီးရှိ အေးမြင့်သာယာတံတားမှ ပင်လောင်းလမ်းဆုံသွားသည့် ကားလမ်းမကြီး အပေါ် ဖြတ်ကျော်သွယ်တန်းတည်ဆောက်ထားသည့် ၂၃၀ ကေဗွီ ရွှေမြို့-ပျဉ်းမနား မဟာဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ် (၇၂) နှင့် (၇၃) တို့တွင် သွယ်တန်းထားသည့် ကောင်းကင် ဓာတ်အားလိုင်းအား လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် ၂၃၀ ကေဗွီ မြေအောက် ကေဘယ်ကြိုးဖြင့်ပြောင်းလဲ၍ လမ်းမကြီးအောက်သို့ မြှုပ်နှံခြင်း လုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တာဝန်ရှိသူများက ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြုဆောင်ရွက်သွားရန်၊ သတ်မှတ် စံချိန်စံညွှန်း များနှင့်အညီ လုပ်ငန်းဆောင်ရွက်မည့် သတ်မှတ်လျာထားချိန်များအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံးသို့ရောက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ ဓာတ်အားဖြန့်ဖြူး ပေးနေမှု၊ မီးသုံးစွဲသူပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှုအခြေအနေနှင့် ဘဏ္ဍာ ရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးကမှာကြားရာ၌ ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝ တည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန် စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်း များအား စနစ်တကျစစ်ဆေးဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် ပြည်သူကိုဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံး ပစ္စည်းများ နှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းမှ ပယ်ဖျက်၍ ဝင်ငွေပြန်လည်ရရှိရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်း အိမ်ရာများနှင့် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရေး ဆောင်ရွက်သွားရန် လိုအပ် ကြောင်းတို့အား မှာကြားခဲ့ပြီး ၃၃ ကေဗွီ မြို့ရုံးဓာတ်အားခွဲရုံမှ ပျဉ်းမနား မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ် (အမျိုးသား) အားကစားပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန အသင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

   ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က တတိယဆုရရှိသည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အသင်းအားလည်းကောင်း၊ ဒုတိယဝန်ကြီးက ဒုတိယဆုရရှိသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အသင်းအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးက ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန အသင်းအားလည်းကောင်း ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ နောက်ဆုံး ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုအား ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း  သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
02-Dec-2023