The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ရှိ ၃၃/၁၁ကေဗွီ အောင်ဆန်းဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးပြီး မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငွေကောက်ကောင်တာတွင် ဓာတ်အားခကောက်ခံနေမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

   ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ ၃၃/၁၁ကေဗွီ, ၁၀အမ်ဗွီအေ အောင်ဆန်းဓာတ်အားခွဲရုံသို့ ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ ဓာတ်အားခွဲရုံဆိုင်ရာနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေ အနေများအား လိုက်လံရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်းစစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံ အတွင်းအပြင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး  ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားမှု၊ မီးတား လမ်းများပြုလုပ်ဖော်ဆောင်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိကာ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ငွေကောက်ကောင်တာတွင် မီးသုံးသူပြည်သူများမှဓာတ်အားခ လာရောက်ပေးဆောင်နေမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ခရိုင်/မြို့နယ် လျှပ်စစ် မန်နေဂျာရုံး၏ ဝန်ထမ်းများနဲ့တွေ့ဆုံရာ ခရိုင်လျှပ်စစ်မန်နေဂျာ ဦးနောင်ဘိုဘိုလင်းက မိတ္ထီလာခရိုင် အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ  မိမိတို့ ဝန်ထမ်းများအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရုံးစာများလုံခြုံမှုရှိစေရေး စနစ်တကျမှတ်တမ်းရေးသွင်းဆောင်ရွက်ကြရန်၊ သတ်မှတ် ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေးနှင့် ဓာတ်အားခများပုံမှန်ကောက်ခံရရှိရေး အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး၊ ကောက်ခံရငွေများကို စာရင်းတင်ထားရှိရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားပြတ် တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ပုံမှန် ရှင်းလင်း ခုတ်ထွင်သွားရန်နှင့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ ထရန်စဖော်မာများလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး ဝန်အားပြည့်နေသည့် ထရန်စဖော်မာများအားအချိန်မီအစားထိုးလဲလှယ်တည်ဆောက်သွားရန်၊ ပွင့်လင်း ရာသီ ရောက်ရှိပြီဖြစ်၍ မီးတားလမ်းများပြုလုပ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားကြရန်၊ ပြည်သူ များ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ ပြည်သူများအားကိုးသည့် လျှပ်စစ်ဝန်ထမ်းဖြစ်စေရေး ၊ ဝန်ထမ်းများ မိသားစုသဖွယ် စည်းလုံးညီညွှတ်စွာနေထိုင်သွားကြရန်၊ လုပ်ငန်း များဆောင်ရွက်ရာတွင် လုံခြုံရေးအသိသတိဖြင့်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညိှနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
16-Dec-2023