၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း၌ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ဓာတ်အားစဉ်ဆက် မပြတ်ရရှိစေရေး စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် စည်ပင်ရိပ်သာ(၁)သို့ ဓာတ်အားပေးထားမှုနှင့် အရံဓာတ်အားပေးစက်များနေရာချထားရှိမှုကို စစ်ဆေးပြီး စမ်းသပ်မောင်းနှင် စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လွတ်လပ်ရေး အခမ်းအနားကျင်းပမည့်နေရာ များတွင် ဒီဇယ်ဓာတ်အားပေးစက်များ နေရာချတပ်ဆင်ထားမှု၊ ဝန်ထမ်းများတာဝန်ချထားမှု ဝန်အားစမ်းသပ်မောင်းနှင်မှုများပြုလုပ်ကာ အခမ်းအနားတွင် ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အထူး အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်ရှိ ၃၃ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၃)တွင် ၁၁ကေဗွီ ဖီဒါများဖြင့်ဓာတ်အားဖြန့်ဖြူးနေမှု၊ ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံ ကြံ့ခိုင်ထိန်းသိမ်းရေး ဆောင်ရွက်ထားမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အင်ဂျင်နီယာချုပ် ဦးမိုးသက်က ဓာတ်အားခွဲရုံဆိုင်ရာများအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်နှင့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ် ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီ ရောက်ရှိပြီ ဖြစ်ပါ၍ မီးတားလမ်းများပြုလုပ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။