The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေရှိ အထက(၈) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၄ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ နှင့် အားကစား ပြိုင်ပွဲအခမ်းအနား သို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

   ယခုလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်ဌာနအသီးသီးမှတာဝန်ရှိသူများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးဆောင်ဝန်ကြီးဌာနအဖြစ် တာဝန်ယူပြီး ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ဉပဒေရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အား ဝန်ကြီးဌာနတို့မှ အထောက်အကူပြုဆောင်ရွက်သည့် ၂၀၂၄ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲအခမ်းအနားကျင်းပသည့် နေပြည်တော်၊ ပြည်ထောင်စု နယ်မြေရှိ အထက(၈) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိကာ ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများအနက် (ကျား/မ) မီတာ(၁၀၀) အပြေးပြိုင်ပွဲယှဉ်ပြိုင်နေမှု ၊ ထုပ်ဆီးတိုးပြိုင်ပွဲယှဉ်ပြိုင်နေမှု ၊ ဘော်လီဘောအားကစားယှဉ်ပြိုင်နေမှုအပါအဝင် အခြားသောအားကစား ပွဲစဉ်(၂၁)ပွဲ အား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး အနိုင်ရရှိသည့် အသင်းသားများအား ဒုတိယဝန်ကြီးနှင့် ဌာနအသီးသီးမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

   အဆိုပါ ၂၀၂၄ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် အာလူးကောက်ပြေးပြိုင်ပွဲ(ကျား/မ)၊ မုန့်စားပြိုင်ပွဲ(ကျား/မ)၊ ပူးဖောင်းဖောက် ပြိုင်ပွဲ(ကျား/မ)၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ(ကျား/မ)၊ အပ်ချည်ထိုးပြေးပြိုင်ပွဲ(ကျား/မ)၊ ခြေပူးပြေးပြိုင်ပွဲ (ကျား/မ)၊ အလျားခုန်ပြိုင်ပွဲ(ကျား/မ)၊ ဖယောင်းတိုင်မီးထွန်းပြိုင်ပွဲ(ကျား/မ)၊မီတာ(၁၀၀) အပြေးပြိုင်ပွဲ (ကျား/မ)၊ ဘော်လီဘောပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲများတို့ဖြင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပျော်ရွှင်စွာပါဝင်ဆင်နွှဲ၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

Post under by : ဝန်ကြီးရုံး
04-Jan-2024