The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းရှိ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများနှင့် ၆၆/၃၃/၁၁ကေဗွီ ၃၀ အမ်ဗွီအေ ရမည်းသင်းဓာတ်အားခွဲရုံ တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲ ရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်နေသည့် ၆၆/၃၃/၁၁ကေဗွီ ၃၀ အမ်ဗွီအေ ရမည်းသင်းဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းသို့ရောက်ရှိရာ ရှင်းလင်း ဆောင်တွင် တာဝန်ရှိသူများက ၆၆ ကေဗွီ ရွှေမြို့-ရမည်းသင်း ဓာတ်အားလိုင်းနှင့် ဆက်စပ် ဓာတ်အား ခွဲရုံစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ယခုလိုပွင့်လင်းရာသီတွင် တောင်သူများမှာလည်း သီးနှံရိတ်သိမ်းကာလဖြစ်သည့်အလျောက် မြို့ပြလုပ်ငန်းများ ဖြစ်သောမြေကျင်းတူးဖော်ခြင်း၊ တိုင်ထောင်ခြင်းလုပ်ငန်းများနှင့် ကြိုးဆွဲခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက်ဦးစားပေး ဆောင်ရွက်ထားရန်လိုအပ်ပါကြောင်း၊ လိုင်းများ ဆွဲသားပြီးပါ ကလည်း လိုင်းများ၏အောက် သတ်မှတ်ဧရိယာအတွင်း သစ်ပင်ကြီးများ စိုက်ပျိုးခြင်း မရှိစေရေး၊ ကျူးကျော်အိမ်များ ဝင်ရောက်လာမှု မရှိစေရေး၊ စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းများ အလိုက် ပြီးစီးရမည့်အချိန်ဇယားများရေးဆွဲထားသည့်အတိုင်း သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ထိုသို့ ဆောင်ရွက်ရာ တွင်လည်း အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း တို့အားမှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်း များဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ယခုတည်ဆောက်လျက်ရှိသည့် ၆၆/၃၃/၁၁ကေဗွီ ၃၀ အမ်ဗွီအေ ရမည်းသင်း ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများအား ဗို့အားပြည့်ဝစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့်အပြင် စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ပြီး ယခုအချိန်တွင် စီမံကိန်းလုပ်ငန်းများ၏ ၉၀.၄ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းခရိုင်၊ လျှပ်စစ် အင်ဂျင်နီယာရုံးသို့‌ ရောက်ရှိရာ တာဝန်ရှိသူများက ရမည်းသင်းခရိုင်အတွင်းရှိ မြို့များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ဓာတ်အားသုံးစွဲမှုနှင့်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေလ် ငွေကောက်ခံနေမှု၊ မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှု၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးဆောင်ရွက်ထားမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက် သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ဌာနပိုင်မြေအဖြစ် ဆောင်ရွက် လျက်ရှိသော အမှုတွဲများအား ပြီးပြတ်အောင် တစိုက်မတ်မတ်ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ၊ ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝ တည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး တို့အတွက် ဓာတ်အားလိုင်းများပေါ်တွင် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းစေရေးနှင့် လိုအပ်သည့်  ဓာတ်အားခွဲရုံသုံး ဆက်စပ် ပစ္စည်းများအား စနစ်တကျဖြည့်ဆည်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ လုပ်ငန်း သည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်ဆုံးရှုံးမှု မရှိ စေရေး ဂရုစိုက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံး ပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများအား စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် ဆက်လက် သုံးစွဲရန် မသင့်တော့သည့်ပစ္စည်းများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့် အညီ စာရင်းမှ ပယ်ဖျက်၍ ဝင်ငွေပြန်လည်ရရှိရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ ဝန်ထမ်း အိမ်ရာများ၊ ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပြီး ခရိုင်လျှပ်စစ် အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
06-Jan-2024