၂၀၂၄ခုနှစ် မတ်လ ၁၇ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ ဓာတ်အားစနစ် ကာကွယ်ရေးနှင့်လျှပ်စစ်စမ်းသပ်ရေးဌာန၌ မီတာများစမ်းသပ်စစ်ဆေးမှု အဆင့်ဆင့်တို့အား လိုက်လံ ကြည့်ရှုစစ်ဆေး၍ အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပြီး စက်ရုံရှိစီမံကိန်းပစ္စည်းများ ထိန်းသိမ်းထားသိုမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးကာ မွန်းလွဲပိုင်းတွင် ၂၃၀ကေဗွီ အလုံပင်မဓာတ်အားခွဲရုံ၌ Switch-Bay အသစ်တိုးချဲ့ တည်ဆောက်မည့်မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ ဓာတ်အားစနစ်ကာကွယ်ရေးနှင့်လျှပ်စစ်စမ်းသပ်ရေးဌာန သို့ရောက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများက မီတာများစမ်းသပ်စစ်ဆေးမှုအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်းတင်ပြခဲ့ ကြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မီတာများမှန်ကန်စွာတပ်ဆင်အသုံးပြုနိုင်ရေး စမ်းသပ်စစ်ဆေး မှုများပြုလုပ်ပေးကြရန်မှာကြားပြီး အခြားလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အား ပေးစက်ရုံသို့ရောက်ရှိ၍ ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးက ဓာတ်အားပေးစက်ရုံ ဆိုင်ရာအချက်အလက်များအားရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအားလုံး မိသားစုသဖွယ် စည်းလုံးညီညွှတ်စွာနေထိုင်သွားကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာ တွင် လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်ကြရန်၊ ယခုနွေရာသီကာလအတွင်း ဓာတ်ငွေ့ရရှိမှုအပေါ် ဓာတ်အားစဉ်ဆက်မပြတ်ထုတ်လုပ်ရေးကြိုးပမ်းလုပ်ဆောင်ပေးကြရန်နှင့် အခြားလိုအပ်သည်များ မှာကြား၍ ဝန်ထမ်းများ၏တင်ပြချက် များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စက်ရုံဝင်းအတွင်း ပစ္စည်းများထိန်းသိမ်းထားသိုမှုအခြေအနေ၊စက်ရုံ၏အထက်ဘက်မြစ်ကမ်းတွင် ရေတိုက်စားမှုကာကွယ်ခြင်း အတွက် မြေထိန်းနံရံလုပ်ငန်း ဆောင်ရွက်နေမှု၊ ဓာတ်အားထိန်းချုပ်ခန်းအတွင်းနှင့် Switch Yard (ဆွိစ်ယာဒ်) အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၊ ဓာတ်အားလိုင်းများ အဝင်အထွက်အခြေအနေတို့အား လိုက်လံကြည့်ရှု စစ်ဆေးရာ ဒုတိယဝန်ကြီးက လဲလှယ်ပြုပြင်ပြီးထွက်ရှိလာမည့်ပစ္စည်းများနှင့် (Spare) အရံပစ္စည်းများကို စနစ်တကျမှတ်တမ်းရေးသွင်းပြီး ထားသိုသိမ်းဆည်းထားရှိရန်၊ နှစ်ကာလကြာအထုတ်/အသွင်းမရှိသော ပစ္စည်းများအား စာရင်းမှပယ်ဖျက်၍ လေလံတင်ရောင်းချရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရန်၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံ ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ၂၃၀ကေဗွီ အလုံပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက Switch-Bay အသစ်တိုးချဲ့ တည်ဆောက်မည့် မြေနေရာနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံအား ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။