The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု  မဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၃) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ မဟာသင်္ကြန်ပွဲတော် အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် စတုဒီသာ ဧည့်ခံကျွေးမှုအား အတူတကွ သုံးဆောင်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ဦးစီးဌာနများနှင့် လုပ်ငန်းများကိုယ်စားပြု သင်္ကြန်အလှမယ် ယိမ်းအကအဖွဲ့များမှ  ယိမ်းအကများ၊ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေ ကြပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများနှင့် အခမ်း အနားသို့ တက်ရောက်လာသူ ဝန်ထမ်းများမှ အတာရေများ အပြန်အလှန် ပက်ဖျန်းကြပြီး ဦးစီးဌာနများနှင့် လုပ်ငန်းများ ကိုယ်စားပြု ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
13-Apr-2024