The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့်  ပြိုလဲပျက်စီးသွားသည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်း ပြန်လည် ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်း ဆောင်ရွက်နေမှု အခြေ အနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂)ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းနှင့် တာဝါတိုင်များ ပြိုလဲပျက်စီး ဖြစ်ပေါ်ခဲ့မှု၊ လက်ရှိ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သတ်မှတ်ရက်အတွင်း ဓာတ်အားအမြန် ပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ ပါသည်။  

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်း အူကြောင်း ပြောင်းလဲတည်ဆောက်နိုင်ရန် တာဝါတိုင် ဖောင်းဒေးရှင်းလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဓာတ်အားအမြန် ပို့လွှတ်နိုင်ရေး ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်း လုပ်ငန်း များအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ လျင်မြန်စွာဖြင့် ဆောလျင်စွာ ပြီးစီးနိုင်ရေး လူအင်အား၊ ယာဉ်ယန္တရားအင်အားများနှင့် ဓာတ်အားလိုင်းသုံး ဆက်စပ်ပစ္စည်း များကို စုဖွဲ့၍ အင်ပြည့်အားပြည့် အသုံးပြုပြီး အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်း ပျက်စီးမှုများမှ ပြန်လည်ပြုပြင်သုံးစွဲ၍ ရသောပစ္စည်းများကိုလည်း ပြုပြင် သုံးစွဲသွားရန်နှင့် ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းပြီးစီးမှုများအား စနစ်တကျ မှတ်တမ်းတင် စာရင်းပြုစု ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး  တာဝါသံဘောင်များ ပြန်လည်ပြုပြင် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် တာဝါတိုင်များစိုက်ထူရန် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   အဆိုပါ ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂)ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက်လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံးများနှင့်မဟာဓာတ်အားလိုင်းမှူးရုံးများမှ အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် လုပ်ငန်းများ လျင်မြန်စွာ ပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။                       

Post under by : ဝန်ကြီးရုံး
22-Sep-2024