The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဥ္စမအကြိမ် အမျိူးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည့်သတင်း

 ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ( ၇ )ရက်

   ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းတို့ ပျဉ်းမနားမြို့နယ်ရှိ ပြည်သူ့ပေါင်းလောင်းအားကစားကွင်း၌ ယှဉ်ပြိုင် ကစားကြပါသည်။ 

   အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစား ဝါသနာရှင်များ တစ်ခဲနက် တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

   အုပ်စု(က) တတိယပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းတွင်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြပါသည်။ အုပ်စုနောက်ဆုံးပွဲစဉ်များအဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
07-Dec-2024