နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏမြို့နယ်အတွင်းရှိ ၃၃/11 ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၄)၊ ဓာတ်အားခွဲရုံအမှတ်(၇)၊ လယ်ဝေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးဝန်းအတွင်းရှိ ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံများမှ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေ အနေများနှင့် နေပြည်တော်အင်ဂျင်နီယာချုပ်ရုံး၏ ပစ္စည်းစီမံရေးဌာန၊ စတိုအဆောက်အဦ တို့အား ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ၊ ဓာတ်အားခွဲရုံအမှတ်(၄)နှင့် ဓာတ်အားခွဲရုံအမှတ်(၇)များသို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Control Room နှင့် Switch Yard အတွင်း မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ဓာတ်အားလွှတ်ပစ္စည်းများအား ပြန်လည်ပြင်ဆင်၍ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံများမှ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအား သေချာစွာလိုက်နာ ဆောင်ရွက်စေရေး အလေးထားဆောင်ရွက်သွားကြရန်၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားလွှတ်ပစ္စည်းများအား ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်သွားရန်၊ ဓာတ်အားဖြန့်ဖြူးမှုပြ Single Line Diagram နှင့် Location Map များအား တိုးချဲ့တည်ဆောက်ထားသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများပါဝင်ရေး Update ပြုလုပ်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းမိသားစုများအား စနစ်တကျနေရာချထားပေးမှုအခြေအနေများနှင့် သီးပင်စားပင် စိုက်ပျိုးထားရှိမှုအခြေအနေအားစစ်ဆေးပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။
၎င်းနောက် လယ်ဝေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်းရှိ ၃၃/၁၁ ကေဗွီ မြို့တွင်းဓာတ်အားခွဲရုံသို့ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက လယ်ဝေးမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများအား Control Room နှင့် Switch Yard အတွင်း ရှင်းလင်းတင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာချုပ်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံအနီးတဝိုက်လုံခြုံရေးနှင့် သန့်ရှင်းရေးအား အမြဲမပြတ်လိုက်လံစစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားဖြန့်ဖြူးမှုဧရိယာကျယ်ပြန့် လာသည်နှင့်အမျှ ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု ကျဆင်းရေးတို့အား အထူးအလေးအနက်ထားဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများကို တာဝန်ခွဲဝေပေးမှုများအား စနစ်တကျသတ်သတ်မှတ်မှတ်တာဝန်ပေးဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်အင်ဂျင်နီယာချုပ်ရုံး၏ ပစ္စည်းစီမံရေး ဌာန၊ စတိုအဆောက်အဦသို့ရောက်ရှိကြရာ တာဝန်ရှိသူများက မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ မီတာလက်ခံထိန်းသိမ်းထားရှိမှုအခြေအနေများ၊ ဓာတ်အား လိုင်းပစ္စည်းများ ထိန်းသိမ်းထားသိုမှုနှင့် ထုတ်ပေးမှုအခြေအနေများ၊ ဓာတ်အားလိုင်းများ အဟောင်းအသစ်လဲလှယ်ရာမှ ထွက်ရှိလာသောပစ္စည်းများဆယ်တင်ထိန်းသိမ်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ပစ္စည်းများအား လက်ခံ/ ထုတ်ပေးဆောင်ရွက်ရာတွင် First In First Out စနစ်ဖြင့် ထုတ်ပေးဆောင်ရွက်သွားရန်၊ ရရှိ/ထုတ်ပေး/သုံးစွဲ/လက်ကျန်စာရင်းများအား စနစ်တကျစာရင်းပြုစုသွားကြရန်၊ ဓာတ်အား လိုင်းများအဟောင်းအသစ်လဲလှယ်ရာမှ ထွက်ရှိလာသောဆယ်တင်ပစ္စည်းအား သုံးစွဲ၍ရသည့် ပစ္စည်းများအား စာရင်းသေချာစွာပြုစု၍ လိုအပ်သည့်နေရာများတွင် ထုတ်ယူသွားစေရန်နှင့် ကျန်သုံးစွဲ၍မရသောဆယ်တင်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွား စေရေး၊ စတိုအဆောက်အဦများအနီးတဝိုက်လုံခြုံရေးအား မျက်ခြည်မပျက် အလေးထား စောင့်ကြည့်သွားစေရေးမှာကြားကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။