The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတိုးတက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရှေးရှင်း ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွှဲပိုင်းတွင် လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်-ပုသိမ်လမ်းမကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတိုးတက်မှု အခြေအနေတို့အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်သို့ ရောက်ရှိပြီး ရန်ကုန်-ပုသိမ်လမ်းမကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ် ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းတိုးချဲ့ဆောင်ရွက်ခြင်းကြောင့် မလွတ် ကင်းသော ၃၃ ကေဗွီ ဓာတ်အားလိုင်းများနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများအား အဝေးပြေး လမ်းမကြီးများနှင့် လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှု၊ သတ်မှတ်ရက်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုနှင့် ဓာတ်အားပြန်လည် ပို့လွှတ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။ 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းမကြီးတလျှောက်  ၂၃၀ ကေဗွီ ကနောင်ပင်မဓာတ်အားခွဲရုံရှေ့ရှိ ၃၃ ကေဗွီ ဖီဒါနှင့် ၁၁ ကေဗွီ ဖီဒါတို့၏ ဓာတ်အား လိုင်းများ ပြောင်းရွှေ့ခြင်း တိုင်များစိုက်ထူပြီးစီးမှုနှင့် ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအားလည်းကောင်း၊ ဓာတ်အားခွဲရုံ အမှတ် (၂)ရှေ့ ၃၃ကေဗွီ ဖီဒါနှင့် ၁၁ကေဗွီ ဖီဒါတို့၏ ဓာတ်အားလိုင်းများ ပြောင်းရွှေ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှု အခြေအနေအား လည်းကောင်း၊ ဒီပဲရင်းဝန်ထောက် ဦးမြဲလမ်းတစ်လျောက်ရှိ ၁၁ကေဗွီ ဇုန်(၄) သီးခြားဖီဒါ ပြောင်းရွှေ့ တည်ဆောက်ရန်အတွက် ဓာတ်အားလိုင်းအသစ်တည်ဆောက်ခြင်း တိုင်များစိုက်ထူပြီးစီးမှုနှင့် ကြိုးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား လည်းကောင်း၊ ဒီပဲရင်းဝန်ထောက် ဦးမြဲလမ်းနှင့် မြဝတီမင်းကြီးလမ်း၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရန်ကုန်-ပုသိမ်လမ်းတို့မှ ရွှေကမ်း သာယာ အိမ်ရာရှေ့ ၃၃ ကေဗွီ (၂)ထပ် ဓာတ်အားလိုင်းဟောင်း ဖြုတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အားလည်ကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဓာတ်အား လိုင်းများ ဖြုတ်သိမ်းခြင်းနှင့် ရွှေ့ပြောင်းတည်ဆောက်ခြင်း လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်သွားရန်၊ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး၊ ဝန်ထမ်းများ အန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အဆင့်ဆင့် ကြပ်မတ်၍ ဂရုပြုဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစေ ရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်း အဟောင်း ပြန်လည်ဖြုတ်သိမ်းခြင်းမှ ဆယ်တင်ပစ္စည်းများအား စနစ်တကျ စာရင်းပြုစု သိမ်းဆည်းထားရှိရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်း ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ၅၀၀ ကေဗွီ ဘုရားကြီးနှင့် လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ်)ဓာတ်အားခွဲရုံ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံစီမံကိန်းနှင့် ဆက်စပ်စီမံကိန်း လုပ်ငန်း များ ဆောင်ရွက်နေမှု၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မှာကြားရာ၌ စီမံကိန်းလျာထားချက်အတိုင်း လုပ်ငန်းများပြီးစီးနိုင်ရေး လက်ကျန်လုပ်ငန်းနှင့် လက်ကျန်အချိန်ကို  ချိန်ဆပြီး ဆောင်ရွက်သွားရန်၊ လျှပ်စစ်နှင့် ပတ်သက်သည့်လုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်သွားရန်၊ Switch Yard အတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံအဝင်လမ်း ကိုလည်း Container ကားများ ဝင်ထွက်သွားလာနိုင်သည်အထိ ဖောက်လုပ်သွားရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေး အသိအမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စနစ်တကျအသုံးပြုစေရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်သွားရန်၊ ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက် သွားရန် မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများ၏ လုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်နေသော ဝန်ကြီးဌာနမှ မျိုးဆက်သစ် အင်ဂျင်နီယာဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းအတွေ့အကြုံသည် လုပ်ငန်းရှိမှသာ လေ့လာဆည်းပူး၍ ရသည့်အတွက် စိတ်ပါဝင်စားစွာဖြင့် ကျွမ်းကျင် တတ်မြောက်အောင် လေ့လာသင်ယူသွားရန်နှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများကို  မျိုးဆက်သစ် အင်ဂျင်နီယာဝန်ထမ်းများက လက်ဆင့်ကမ်းထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအဝင်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံ စီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံး အနေဖြင့် ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Aug-2025