The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် စက်မှုဇုန်များသို့ အဓိက ဓာတ်အားဖြန့်ဖြူးပေးနေသော ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ(၂၄)ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ အမှတ်() လမ်းမကို ()လမ်းသွား လမ်းမကြီး အဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ် ကင်းသော ဓာတ်အားလိုင်းများအား လမ်းမကြီးနှင့် လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်း ဆောင်ရွက် ပြီးစီးနေမှု၊ လက်ရှိပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်သွယ်ရေး ဖိုက်ဘာ ကေဘယ်လိုင်းများ ပြောင်းရွှေ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှု၊  အနော်ရထာစက်မှုဇုန် ဧရာဝတီလမ်းမကြီးပေါ်ရှိ ရှုပ်ထွေးဓာတ်အားလိုင်းကြိုးများ ရှင်းလင်းပြီးစီးမှုနှင့်စက်မှုဇုန်များသို့ အဓိက ဓာတ်အားဖြန့်ဖြူးပေးနေသော ၂၃၀ ကေ‌ဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏  ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်သို့ ရောက်ရှိရာ အမှတ်() လမ်းမကို ()  လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများအား လမ်းမကြီးနှင့်လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ ဒညင်းကုန်းလမ်းဆုံ မီးရထားသံလမ်းအနီးရှိ ၆၆ ကေဗွီ လှော်ကား-ရွာမ သံမဏိ ဓာတ်အားလိုင်းတိုင်များ ပြောင်းရွှေ့တည်ဆောက်နေမှု၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အနော်ရထာလမ်းမှ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်လမ်း အဝိုင်းအထိ ဧရာဝတီလမ်း တစ်လျှောက် ဆက်သွယ်ရေးဖိုက်ဘာ ကေဘယ်လိုင်းများ ပြောင်းရွှေ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး နေမှု၊ ၊ အနော်ရထာစက်မှုဇုန် ဧရာဝတီလမ်းမကြီးပေါ်ရှိ ရှုပ်ထွေးဓာတ်အားလိုင်းကြိုးများ ရှင်းလင်း ပြီးစီးမှု အခြေအနေတို့ကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့် ဓာတ်အားလိုင်းများ ဖြုတ်သိမ်း ခြင်းနှင့် ရွှေ့ပြောင်းတည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အဆင့်ဆင့်ကြပ်မတ်၍ ဂရုပြုဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး     အလေးထား ဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းအဟောင်း ပြန်လည်ဖြုတ်သိမ်းခြင်းမှ ဆယ်တင်ပစ္စည်းများအား စနစ်တကျစာရင်းပြုစုသိမ်းဆည်းထားရှိရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ လှိုင်သာယာ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး Switch Yard အတွင်း ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဓာတ်အားထိန်းညှိ ဖြန့်ဖြူး ပေးထားမှုအခြေအနေ၊  လှိုင်သာယာစက်မှုဇုန်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားလက်ခံပို့လွှတ်ထားမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဓာတ်အားခွဲရုံ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူ များက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုဆိုင်ရာ အချက် အလက်များနှင့်  လှိုင်သာယာစက်မှုဇုန်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြ ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် လှိုင်သာယာပင်မ ဓာတ်အားခွဲရုံသည် အများပြည်သူနှင့် လှိုင်သာယာစက်မှုဇုန်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေသည့် ဓာတ်အားခွဲရုံကြီးဖြစ်ပြီး ဓာတ်အားစဉ်ဆက်မပြတ်ပို့လွှတ်ဖြန့်ဖြူးပေးနေသည့်အတွက် ဓာတ်အား ခွဲရုံရှိ ဓာတ်အားလွတ်ပစ္စည်းများ ချို့ယွင်းမှုဖြစ်၍ ဓာတ်အားပြတ်တောက်ရခြင်းမျိုး မဖြစ်ပေါ် စေရန်အတွက် ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ အစဉ်အမြဲကြံ့ခိုင်ကောင်းမွန်နေစေရန် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စနစ်တကျပုံမှန်စစ်ဆေး ဆောင်ရွက်သွားရန်၊  ဓာတ်အားခွဲရုံ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ သက်သာချောင်ချိရေး ဓာတ်အားခွဲရုံမြေနေရာလွတ်များတွင် သီးပင်၊ စားပင်များ စိုက်ပျိုးသွားရန်၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းပြုပြင် ဆောင်ရွက် သွားရန်နှင့် သန့်ရှင်းသပ်ရပ်စွာနေထိုင်သွားရန်၊ ဝန်ထမ်းများ ငွေကြေးသုံးစွဲမှုကို ခြိုးခြံချွေတာ သုံးစွဲသွားရန်၊ လျှပ်စစ်မီးနှင့်ရေသုံးစွဲမှုကိုလည်း ချွေတာသုံးစွဲသွားရန်၊  ယခုဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်၍ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး အပြည့်အဝမဲပေးနိုင်ရေးအတွက် စီမံဆောင်ရွက် ပေးသွားရန်နှင့် မိမိတို့ဒေသ၊ မိမိတို့မြို့နယ်၊ မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးနိုင်မည့်ပုဂ္ဂိုလ်များကို ရွေးချယ်မဲပေးသွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
25-Dec-2025