The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၏ ဓာတ်အားလက်ခံရရှိမှုနှင့် ဓာတ်အားဖြန့်ဖြူးမှုသတင်း

၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၅  ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်သောင်းကျန်းသူများ၏ ဝင်ရောက်ဖျက်ဆီးမှုများကြောင့် မတ္တရာ မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ချို့ယွင်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်မှစ၍ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်း မရှိခဲ့ပါ။

   ယခုအခါတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ လုံခြုံရေးတပ်ဖွဲ့များ၏ အကူအညီပေးမှုနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/ မြို့နယ်ရှိ ဝန်ထမ်းများမှ  အားကြိုး မာန်တက် ဆောင်ရွက်မှုများကြောင့်  မတ္တရာမြို့နယ်သို့ အဓိကဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ ဒင်္ဂါးချောင်း(၁) ဓာတ်အားလိုင်း ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ၊   မတ္တရာမြို့ပေါ်တွင် ရှိသည့်  (5+10) MVA မြို့မခွဲရုံပျက်စီးမှုများကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၄  ရက်၊ (၁၁:၄၇) နာရီအချိန် တွင် ပြန်လည်တည်ဆောက်ပြုပြင်ပြီးစီးခဲ့ပြီး မြို့ပေါ်ရှိ အရေးကြီးနေရာများ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းများနှင့် လမ်းမီးများကို ပြုပြင်ပြီးစီးမှုအခြေအနေအရ ပထမအဆင့် အနေဖြင့်  ဓာတ်အားပို့လွှတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

   ဆက်လက်ပြီး မတ္တရာမြို့ပေါ်တွင်နေထိုင်သော  ပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများ ဓာတ်အား ရရှိရေး၊ လုံခြုံရေးကောင်းမွန်သည့် ကျေးရွာများ ဓာတ်အား ပြန်လည်တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက်လည်း ပြုပြင်ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်ပြီး  မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
27-Feb-2026