The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၆ခုနှစ် မေလ ၁၈ ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၆ ခုနှစ် မေလ ၁၆ရက်နေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးချုပ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ပြီး ဓာတ်အားဖြန့်ဖြူးမှုကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဒုတိယဝန်ကြီးသည် ဌာနမှတာဝန်ရှိသူများနှင့်အတူ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးချုပ်အစည်းအဝေးခန်းမတွင် တာဝန်ရှိသူ များကမန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

   ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Advanced Metering Infrastructure (AMI)Control Center တွင် မီတာစောင့်ကြည့်စစ်ဆေးကြည့်ရှုမှုအခြေအနေများအား စစ်ဆေးခဲ့ပြီး မီတာစစ်ဆေးမှုများတွင် မြို့နယ်ကွင်းဆင်းအဖွဲ့များနှင့် ‌Cross Check, Spot Check, Counter Check များဖြင့် အမြဲမပြတ်စစ်ဆေးစောင့်ကြည့်၍ ဆောင်ရွက်သွားနိုင်ရေးနှင့် Data အချက်အလက်များအား စနစ်တကျမှတ်တမ်းထားရှိရန် မှာကြားခဲ့ပြီး Call Center ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

    ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် Regional Control Center (RCC) သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားထိန်းချုပ်ပို့လွှတ်ပေးနေမှုအခြေအနေများ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားစစ်ဆေးခဲ့ကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များသို့ ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ၆၆ ကေဗွီ ဒေါင်းရွေး-စက်မှုဇုန် (၁)ဓာတ်အားလိုင်း တည်ဆောက်နေမှု၊ ၆၆/၃၃/၁၁ ကေဗွီ, ၃၀ အမ်ဗွီအေ ပြည်ကြီးတံခွန် (စက်မှုဇုန်-၁)ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များအတွင်းရှိ ဓာတ်အားသုံးစွဲသူပြည်သူများ ဗို့အားပြည့်မှီစွာသုံးစွဲနိုင်ရေးအတွက် ၁၁/၀.၄ ထရန်စဖော်မာများ အသစ်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် အမှုဆောင် အရာရှိချုပ်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းပြီးစီးနေမှုအခြေအနေများအား လိုက်လံရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းအတိုင်း တည်ဆောက် ရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြား ခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ 

Post under by : ဝန်ကြီးရုံး
19-May-2026