The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းနိုင် စေရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပစေရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ် နိုင်ရန်နှင့် ရာသီဥတုမှန်ကန်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့်  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၏ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ နံနက် ၀၈:၃၀ နာရီ အချိန်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်း အတွင်း ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးအေးကျော်နှင့် ဦးကျော်နိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပြီး ရတနာတန်းဝင်ကျွန်းပင်များကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

   အလားတူ ယနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာနကြီးကြပ်မှုအောက်မှ ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများ၊ ရေနံမြေများ၊ စက်ရုံ/အလုပ်ရုံများ၊  စီမံကိန်းညွှန်ကြားရေးမှူး ရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ ဓာတ်အားပေးစက်ရုံများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပ၍ ရတနာတန်းဝင် ကျွန်းပင် (၂၆၁၄) ပင်၊ အရိပ်ရလေကာပင် (၄၈၉၅) ပင်၊ နှစ်ရှည်သီးပင်စားပင် (၆၁၁၀) ပင်၊ နှစ်ရှည်ပန်းအလှပင် (၂၃၅၆) ပင်၊ ပေါင်း (၁၅၉၇၅) ပင် တို့ကို စိုက်ပျိုးနိုင်ခဲ့သည့်အတွက်  ဝန်ကြီးဌာနအနေဖြင့် စုစုပေါင်း (၁၆၅၇၅) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

Post under by : ဝန်ကြီးရုံး
30-Jun-2026