The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

Digital Smart မီတာအသစ်များကို Website မှ လျှောက်ထားခြင်းအပေါ် ဌာနမှ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေများအား အသိပေးကြေညာခြင်း

၁။       လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော် အစိုးရထံမှ ဌားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထား နိုင်မည်ဖြစ်ကြောင်းနှင့် ဌာနမှသတ်မှတ်ချက်ဖြင့် ကိုက်ညီသော လျှောက်ထားမှုများအတွက် သတ်မှတ်ကြေး ပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထား များသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင် သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။       ထိုသို့ ကြေညာခဲ့မှုအပေါ် Digital Smart မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထား ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ  ၁၅ ရက်မှ ၂၈ ရက်ထိ လျှောက်ထားသူ ၉၆၈၆ ဦး ရှိပြီး အဆိုပါ လျှောက်လွှာများထဲတွင် ဌာနမှ သတ်မှတ်ထားသော  အချက်အလက်အထောက်အထားများ မပြည့်စုံခြင်း/ မကိုက်ညီခြင်းတို့ကြောင့် လျှောက်လွှာ ၂၄၈၂ စောင်ကို လျှောက်ထားသူများထံ ပြန်လည်အကြောင်းကြား ပေးပို့ခဲ့ပြီး ပြည့်စုံသော လျှောက်ထားမှု   ၇၂၀၄  စောင်အား ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ထိ တပ်ဆင် ပြီးစီးမှုမှာ ၁၃၃၁ လုံးဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှောက်ထားသူများအား ဆက်လက်စိစစ်၍ Digital Smart Meter အသစ်များကို အမြန်ဆုံးတပ်ဆင်ပေးသွားမည်ဖြစ်ပါသည်။ Website မှ တစ်ဆင့် လျှောက်ထားမှုစနစ်အရ ဝန်ဆောင်မှုကို လျင်မြန်စွာပေးနိုင်သဖြင့် လျှောက်ထားပြီး ၂၇ နာရီအတွင်း ပထမဦးဆုံးမီတာကို စတင်တပ်ဆင်ပေးနိုင်ခဲ့ပါသည်။

 ၃။      ပြည်သူလူထုအနေဖြင့် လျှောက်ထားရာတွင် အခက်အခဲဖြစ်ပေါ်နေပါက ဌာနမှ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင် ပါကြောင်း နှင့် User Guide အား ဝန်ကြီးဌာန Website (www.moee.gov.mm)တွင် ဖော်ပြထားရှိပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်-

(က)

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်)

-

၀၆၇-၃၄၁၀၄၆၀

( ခ )

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)

-

၁၇၁၇

( ဂ )

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC)

၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot Line)

-

၁၆၁၆

 

(ဃ)

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ

၀၉-၆၈၂၂၃၂၆၀၀၊ ၀၉-၆၆၅၄၃၂၅၇၅         

-

၀၆၇-၃၄၁၀၄၀၇

 

  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
29-Aug-2026