The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်

 

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံအား ဩဂုတ်လ(၂၈)ရက်နေ့တွင်လည်းကောင်း၊ တောင်ကြီးခရိုင်အတွင်းရှိ ဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေများအား ဩဂုတ်လ(၂၉)ရက်နေ့တွင် လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ဒုတိယဝန်ကြီးသည် ဌာနမှတာဝန်ရှိသူများ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုအခြေအနေများအားရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး ဓာတ်အားပေးစက်ရုံထိန်းချုပ်ခန်းနှင့် ကျောက်မီးသွေးအခြောက်ခံ စက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ထို့နောက် ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   ဒုတိယဝန်ကြီးသည် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ၊ ဟိုပုန်းမြို့ ၆၆/၃၃ ကေဗွီဓာတ်အားခွဲရုံ၊ ပင်းပက် သံမဏိစက်ရုံအတွင်း တည်ဆောက်မည့် ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ အခြေအနေနှင့်တောင်ကြီးပင်မဓာတ်အားခွဲရုံအတွင်းတိုးချဲ့တည်ဆောက်လျှက်ရှိသည့် ၂၃၀/၁၃၂ ကေဗွီ၊ ၁၅၀ အမ်ဗွီအေ Switchbay တည်ဆောက်နေမှုအခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအားလိုအပ်သည်များမှာကြားပြီး စားသောက် ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင်အတူ ပြည်နယ်လျှပ်စစ်အင်ဂျင် နီယာရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးမီးလင်းရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်တာဝန်များ၊ Online မီတာလျှောက်ထားမှုများအတွက် ပြင်ဆင် ထားရှိ ရမည့်အခြေအနေများအား၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ ဓာတ်အားခများ ကောက်ခံရရှိရေး၊ ဌာနဝင်ငွေတိုးပွားရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု များအား ဖော်ထုတ်သွားရေး မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး Online မီတာလျှောက်ထားမှုများအခြေအနေများအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Aug-2026