The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နေပြည်တော်ကောင်စီနယ်မြေရှိ ပင်မဓာတ်အားခွဲရုံကြီးများအား ကြည့်ရှုစစ်ဆေး

 ၂၀၂ ခုနှစ်၊ စက်တင်ဘာလ ၁၆    

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်  ပြည်သူလူထုယုံကြည်အားကိုးရသည့်  လျှပ်စစ်  ဓာတ်အားစနစ် ဖြစ်ပေါ်လာစေရေးအတွက် ဓာတ်အားထုတ်လုပ်မှု၊ပို့လွှတ်မှု၊ ဖြန့်ဖြူးမှု ၃ပိုင်းလုံးတွင် ဟန်ချက်ညီတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဦးကိုကိုလွင်သည်    ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံနှင့် ရွှေမြို့ပင်မဓာတ်အား ခွဲရုံများသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများမှ ယခု မိုးရာသီကာလအတွင်း ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်မှုအခြေအနေများ၊ ဓာတ်အား ထုတ်လုပ်၊    ပို့လွှတ်၊    ဖြန့်ဖြူးနေစဉ်အတွင်း   ဓာတ်အားစနစ် တစ်ခုလုံး ပြတ်တောက်ခြင်း (System  Breakdown) ဖြစ်ပေါ်ရမှုအခြေအနေများ၊ လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူးရန်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။

   ပြည်ထောင်စုဝန်ကြီးက ယခုနှစ်သည် အယ်နီညို ဖြစ်စဉ်ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထား သည့်အတွက် ရေလှောင်တမံကြီးများတွင် ရေလျော့နည်းလာမှုအခြေအနေအား အထူးသတိထား စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ လာမည့်နွေရာသီအမီ  လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးနိုင်ရန် အတွက် ဆောင်ရွက်နေသည့်စီမံကိန်းများ အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောကြားပါသည်။

   ဆက်လက်၍ System  Breakdown ဖြစ်ပေါ်မှုသည် ဓာတ်အားစနစ်တွင် လက်ခံနိုင်စရာ မရှိသည့်အတွက် ပပျောက်စေရေး ဆောင်ရွက်လျက်ရှိသော်လည်း အချိန်ကာလ တစ်ခုကြာမြင့်မည် ဖြစ်ရာ ယင်းသို့ဆောင်ရွက်နေချိန်အတွင်း နိုင်ငံတော်၏ အရေးကြီးနေရာများ၌ ဓာတ်အားလုံးဝ ပြတ်တောက်မသွားစေရေးနှင့် အမြန်ဆုံး ဓာတ်အားစနစ် ပြန်လည်မောင်းနှင်နိုင်ရေးအတွက် Battery Energy Stroage System (BESS) စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရန် စီမံဆောင်ရွက်လျက် ရှိရာ ဓာတ်အားပေးရမည့် နေရာများအလိုက် အနည်းဆုံး လိုအပ်မည့် ဝန်အားများအား တိကျစွာ တွက်ချက်ထားရန် လိုအပ်ကြောင်း မှာကြားပြီး Control Room နှင့် Switchyard အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ထို့နောက်  ဝန်ထမ်းများ၏   တင်ပြချက်များအပေါ်  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
16-Sep-2026