The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်လာကြစေရန် ရည်ရွယ်သည့် ဖိတ်ခေါ်ဆွေးနွေးပွဲအခမ်းအနား

   လျှပ်စစ်ကဏ္ဍတွင် ပြည်တွင်းဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးပေးဝေမှုလုပ်ငန်းများအပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဓာတ်အားလိုင်းများ ဖြတ်ကျော်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ရောင်းဝယ်နိုင်ရေးအထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး စွမ်းအင်ကဏ္ဍတွင်လည်း ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးမှသည် ဒေသတွင်းစွမ်းအင်ကုန်သွယ်ရေးတိုးချဲ့ဖော်ဆောင်နိုင်ရေကို ရည်မှန်းထားပါသည်။

လျှပ်စစ်နှင့်စွမ်းအင်စီမံကိန်းများသည် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားပြီး ရေရှည်အကျိုးရလဒ်များ ရရှိစေမည်ဖြစ်၍ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာရန် Working Group များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားများ၏ စုပေါင်းအားဖြင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။

 

https://moep.gov.mm/mm/ignite/contentView/7280

Post under by : ဝန်ကြီးရုံး
10-Nov-2026