The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာအမှတ်( ၃ / ၂၀၂၄ ) ၂၀၂၄ခုနှစ် ၊ စက်တင်ဘာလ(၁၇) ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်( ၃ / ၂၀၂၄ )

၂၀၂၄ခုနှစ် ၊ စက်တင်ဘာလ(၁၇) ရက်

၁။       လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)တန်း ဒု-ဦးစီးမှူး (စက်/လျှပ်)/(မြို့ပြ)ရာထူး ၇၂ နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-  

စဉ်

ခန့်ထားမည့်ရာထူး

အနိမ့်ဆုံး

ပညာအရည်အချင်း

နေရာ

(က)

ဒု-ဦးစီးမှူး(စက်/လျှပ်)

AGTI( EP )

( ၃၅ ) နေရာ

( ခ )

ဒု-ဦးစီးမှူး(စက်/လျှပ်)

AGTI( EC/ IT )

(   ၅ ) နေရာ

( ဂ )

ဒု-ဦးစီးမှူး(စက်/လျှပ်)

AGTI( MP/MC/MT/CNC)

( ၁၀ ) နေရာ

(ဃ)

ဒု-ဦးစီးမှူး(မြို့ပြ)

AGTI( Civil )

( ၂၂ ) နေရာ

၂။       လျှောက်ထားသူသည်-

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည် ။

          ( ခ )   (၃၀.၉.၂၀၂၄)ရက်နေ့တွင် အသက်( ၃၅ )နှစ်(ဝန်ထမ်းဖြစ်ပါက( ၄၀ )နှစ် )ထက်မကျော် လွန်သူဖြစ်ရမည် ။

          ( ဂ )   ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်ရမည် ။

          (ဃ)    မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတစ်ခုခုတွင် မှတ်ပုံတင်ထားသူဖြစ်ရမည်။

          ( င )   နေရာဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည် ။

          ( စ )   အစိုးရဌာနတစ်ခုခုတွင် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း ၊ ရာထူးမှထုတ်ပယ်ခြင်းခံရသူများ လျှောက်ထားခွင့်မရှိပါ ။

၃။       ရေးဖြေစာမေးပွဲကိုနေပြည်တော်တွင် (၂၄.၁၀.၂၀၂၄)ရက် နံနက်(၀၉:၀၀)နာရီ၌ အင်္ဂလိပ်စာ ဘာသာရပ်ကိုလည်းကောင်း ၊ မွန်းလွဲ(၁၃:၀၀)နာရီ၌ သက်ဆိုင်ရာအင်ဂျင်နီယာဘာသာရပ်ကို လည်းကောင်းဖြေဆိုရမည်ဖြစ်ပြီး (၂၅.၁၀.၂၀၂၄)ရက်မှစ၍ လူတွေ့စစ်ဆေးခြင်းကို ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည် ။

၄။       လျှောက်ထားလိုသူများသည် စာမေးပွဲဝင်ကြေး ငွေကျပ် ၅၀၀၀ / (ကျပ်ငါးထောင်တိတိ)ကို နေပြည်တော်မြန်မာ့စီးပွားရေးဘဏ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ ငွေစာရင်း အမှတ်( MD - 013352 )သို့ ပေးသွင်းရမည် ။

၅။       လျှောက်လွှာကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ Website www.moep.gov.mm တွင် ရယူပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၊ ရုံးအမှတ်(၂၇) နေပြည်တော်သို့ (၃.၁၀.၂၀၂၄) ရက်နောက်ဆုံးထား၍ လူကိုယ်တိုင်(သို့မဟုတ်)ကိုယ်စားလှယ်ဖြင့် ပေးပို့လျှောက်ထားရမည် ။

၆။       လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲပေးပို့ရမည်  -

           (က)    စာမေးပွဲဝင်ကြေးငွေပေးသွင်းသည့်ချလန်မူရင်း ။

           ( ခ ) ဘွဲ့လက်မှတ်/ဒီပလိုမာအောင်လက်မှတ်/အသက်အထောက်အထားအတွက် တက္ကသိုလ် ဝင်တန်းအောင်လက်မှတ် (သို့မဟုတ်)အခြေခံပညာအထက်တန်း

                  အောင်လက်မှတ် မိတ္တူ ( မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန် ) ။

            ( ဂ )   နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ ။

             (ဃ)    လွန်ခဲ့သောသုံးလအတွင်း ရိုက်ကူးထားသော ပတ်စပို့အရွယ်ဓာတ်ပုံအပို ၃ ပုံ ။

             ( င )   နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (သက်တမ်း မကုန်)နှင့် ၁ လအတွင်းရယူထားသော အကျင့်စာရိတ္တကောင်းမွန်

                       ကြောင်း ၊ ပြစ်မှု ကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက်မူရင်းများ ။

            ( စ )   လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနတွင် ခန့်ထားခြင်းခံရပါက နေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်ပါမည်ဟု ကတိဝန်ခံချက် ။

၇။      နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာနထောက်ခံ ချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့်ခွင့်ပြုချက်ရယူ၍ ပေးပို့ရမည်ဖြစ်သည် ။ 

၈။      အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအချက် အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက်နောက်ကျသော လျှောက်လွှာများကို လက်ခံစဉ်းစား မည်မဟုတ်ပါ ။ ဖြေဆိုခွင့်လက်မှတ်များကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၊ စီမံခန့်ခွဲရေးဌာန ၊ ရုံးအမှတ်(၂၇)တွင် (၂၃.၁၀.၂၀၂၄)ရက်၌ ထုတ်ပေးမည် ။

၉။       ရွေးချယ်ခြင်းခံရသူများသည် အနည်းဆုံး ၅ နှစ် တစ်ဆက်တည်းတာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ဝန်ခံကတိစာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး စာချုပ်စည်းမျဉ်းစည်းကမ်းဖောက်ဖျက်ပါက ငွေ ကျပ် ၁,၀၀၀,၀၀၀/-(ကျပ်တစ်ဆယ်သိန်းတိတိ) ကိုပေးလျော်ရမည်။

၁၀။    အသေးစိတ်သိရှိလိုပါက စီမံခန့်ခွဲရေးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီး ဌာန ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ရုံးအမှတ်(၂၇) ၊ နေပြည်တော်သို့လူကိုယ်တိုင်ဖြစ်စေ ၊ တယ်လီဖုန်း အမှတ် ၊ ၀၆၇-၄၁၀၀၆၆ ၊ ၀၆၇-၄၁၀၀၆၃ တို့သို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည် ။

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန

Download Link : MOEP(DPTSC)FORM2.pdf
Download Link : MOEP(DPTSC)Mirror3.pdf
18-Sep-2024