လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
ကြော်ငြာစာအမှတ် ၁/၂၀၂၃
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်
အငယ်တန်းအင်ဂျင်နီယာ(၂)ရာထူး ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်အသိပေးကြေညာခြင်း
၁။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ( ၁၂.၁၂.၂၀၂၂ )ရက်စွဲပါ ကြော်ငြာစာအမှတ် (၁/၂၀၂၂)ဖြင့် ကြော်ငြာခေါ်ယူခဲ့သော အငယ်တန်းအင်ဂျင်နီယာ( ၂ )ရာထူး( ၂၀၀ )နေရာအတွက် ရေးဖြေစာမေးပွဲကို အောက်ပါအတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
(က) ရက်စွဲ ၂၃.၄.၂၀၂၃ (တနင်္ဂနွေနေ့)
(ခ) အချိန် (၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီအထိ အင်္ဂလိပ်စာဘာသာရပ်
(၁၃:၀၀)နာရီမှ(၁၅:၀၀)နာရီအထိ အင်ဂျင်နီယာဘာသာရပ်
(ဂ) နေရာ အ.ထ.က(၅) နေပြည်တော်
၂။ ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူ အမည်နှင့် ခုံအမှတ်များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန Website www.moep.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို (၂၀.၄.၂၀၂၃)ရက်နေ့မှ(၂၂.၄.၂၀၂၃)ရက်နေ့အထိ နံနက်(၀၉:၃၀)နာရီမှညနေ(၁၆:၃၀)နာရီအထိ ရုံးချိန် အတွင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ရုံးအမှတ်(၂၇)၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊စီမံခန့်ခွဲရေး ဌာနသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ လူကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပါသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း